Password is my digital property!

Password is my digital property!


Password သည် ငါ့ရဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှု

==============================

Password ဆိုတာ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုပါရောင်းရင်းတို့ရေ။ 

ပြီးတော့ Password တွေဆိုတာကလည်း ဒစ်ဂျစ်တယ်လုံခြုံရေးရဲ့ အခြေခံအကျအဆုံးနဲ့ အရေးကြီးဆုံးအချက်ပါဗျို့… အကောင့်တွေလုံခြုံဖို့ ခိုင်မာတဲ့ Password ပေးဖို့လိုအပ်သလိုပဲ...ခိုင်မာတဲ့ Password တစ်ခုပေးချင်ရင်လည်း (ရှုပ်ရမယ်...ရှည်ရမယ်..ခက်ရမယ်..ဒါပေမယ့်လည်း မှတ်မိရမယ်) အဲ့လိုလေးပေးမှ စိတ်ချရတဲ့ Password တစ်ခုဖြစ်မှာနော်....Channel က Content တွေကိုဖတ်နေပြီးတော့ ဘေးနားကချစ်ချစ်တောင်းလို့ Password ပေးလို့ကတော့ ကိုယ့်လူရေ သွားပြီနော်...အဲ့လိုတောင်းလာရင်လည်း အောက်ကပုံလေးထဲကအတိုင်းပဲ ပြောလိုက်ပါ အရုပ်တောင်းရင်တောင်း Password တောင်းမတောင်းနဲ့လို့......

ဒီနွေဦးတစ်လျောက်လုံးမှာလည်း ဝိုင်းတော်သားတွေက အားလုံးဒစ်ဂျစ်တယ် လုံခြုံမှုကို တန်ဖိုးထားသလို ရောင်းရင်းတို့ ကိုယ်တိုင်လည်း တန်ဖိုးထားဖို့လိုပါတယ်ဗျို့.....ဒီနှစ် Christmas ကလုံခြုံပြီး အေးဆေးတဲ့ Christmas ဖြစ်ပါစေဗျာ.....အားလုံးမပျော်ရွှင်ကြလို့ ပျော်ရွှင်ပါစေလို့တော့ မပြောတော့ပါဘူး…


ဒါပေမယ့် လက်ဆောင်လေးတစ်ခုလည်းပေးချင်ပါတယ်...အဲ့ဒါကတော့ ရောင်းရင်းတို့ “ Wallpaper" လေးပဲဖြစ်ပါတယ်ဗျို့..

Christmas အခါသမယရမှာ မိသားစုတိုင်းလုံခြုံအေးချမ်းကြပါစေလို့ ဝိုင်းတော်သားတွေက ဆန္ဒပြုဆုတောင်းလိုက်ရပါတယ်။



Report Page