Onmyo Kaiten Re:Birth

Onmyo Kaiten Re:Birth

Pirate Anime Myanmar

Review - အထက်တန်းကျောင်းသား Takeru Narihira၊ နေ့စဥ်နေ့တိုင်း ရန်ပွဲတွေထဲမှာတစ်ယောက်တည်းရန်ဖြစ်ပြီး သူ့ရဲ့အိမ်မက်ထဲ ခဏခဏပေါ်လာတဲ့ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို စွဲလမ်းလို့နေပါတယ်။

တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုဖြစ်ပြီး ချောက်ကမ်းပါးစွန်း တစ်ခုကနေ ပြုတ်ကျသွားပါတော့တယ်။ ပြန်နိုးလာတဲ့ အခါမှာတော့ Denji Heian-kyou ဆိုတဲ့ ခေတ်ဟောင်းပုံစံ မြို့တစ်မြို့မှာရောက်နေမှန်း သိလိုက်ရပါတယ်။ ရှေးဟောင်းမြို့ပေမဲ့ နည်းပညာတွေတိုးတက်ပြီး မှော်အစွမ်းတွေပါရှိနေပါတယ်။ မြို့ကိုကာကွယ်ပေးထားတာကတော့ နာမည်ကြီး မှော်ဆရာ Abe no Seimei ပဲဖြစ်ပါတယ်။ Takeru အတွက် အံ့သြစရာ အကောင်းဆုံးကတော့ သူ့အိမ်မက်ထဲက မိန်းကလေး Tsukimiya က ဒီကမ္ဘာမှာ တကယ်ရှိနေတာပဲဖြစ်ပါတယ်။

​ပျော်ရွှင်မှုတွေကကြာကြာမခံလိုက်ပါဘူး။ Yamikaoru လို့ခေါ်တဲ့ အမည်းရောင်မြူခိုးတွေက Oni လို့ခေါ်တဲ့ မိစ္ဆာတွေကိုယူဆောင်လာတဲ့အခါမှာတော့ Takeru နဲ့ Tsukimiya တို့နှစ်ယောက်လုံး ရှောသွားပါတော့တယ်။ Takeru တစ်ယောက် ပြန်နိုးထလာပြီး မသေခင်နေရာမှာ သူ့ကိုသူပြန်တွေ့လိုက်ရပါတယ်။ အချိန်နောက်ပြန်ရောက်သွားကြောင်း သိရှိသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ထဲက မိန်းကလေးကိုကာကွယ်ဖို့ နဲ့ ကံကြမ္မာ ကိုပြောင်းလဲဖို့ရာ မှော်ပညာတွေသင်ယူပြီး ဘယ်လိုကြမ်းသွားမလဲဆိုတော့...




Report Page