Only One Word MV analysis

Only One Word MV analysis

netsiraphopmyanmar

ပထမဆုံးအနေနဲ့ဒီသီချင်းကသူချစ်နေတဲ့သူကိုဘယ်လောက်ပဲနှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးချစ်မိနေပါစေဖွင့်ပြောဖို့သတ္တိမရှိတဲ့ကောင်လေးတစ်ယောက်ရဲ့ရင်တွင်းခံစားချက်တွေကိုသီဆိုထားတာပါ

ချစ်တဲ့သူကိုချစ်တယ်တောင်မပြောနိုင်မပြောရဲတဲ့ခံစားချက်မျိုးကြုံဖူးကြလား အချစ်ဆိုတာအရသာစုံပါတယ် အချစ်ကအကြောက်တရားတွေကိုဖန်တီးပေးပါတယ်သူငယ်ချင်းကိုချစ်မိတယ်ဆိုလည်း ငါဖွင့်ပြောလိုက်ရင်ငါတို့ခင်မင်မှုကိုဆက်မထိန်းထားနိုင်တော့ဖူးသူစိတ်ပျက်သွားရင် သူငယ်ချင်းဆက်ဆံရေးဆိုတာတောင်မရှိတော့တဲ့ထိဖြစ်သွားမှာကြောက်တယ် သာမန်သိကျွမ်းရုံလူကိုချစ်ရေးဆိုချင်ရင်လည်းအငြင်းခံရမှာကြောက်တယ်မခံစားနိုင်ဖူး

ဟောာတချို့ကျတော့လည်းမဖြစ်နိုင်တဲ့ချစ်ခြင်းမျိုးကိုချစ်မိပြီးဖွင့်ပြောဖို့မရဲတော့တာမျိုး ပြောလိုက်လည်းဘာမှမထူးသွားမဲ့ဆက်ဆံရေးမျိုး

ဒီလိုနဲ့အချစ်ကပုံစံမျိုးစံနဲ့အကြောက်တရားကိုပေးပါတယ် ဒီတော့ချစ်နေလျက်နဲ့ဖွင့်မပြောနိုင်တာက လူတိုင်းနီးပါးကြုံတွေ့ရတဲ့ခံစားချက်ပါ

mv ကိုအဖြူရောင်အခန်းကျယ်တစ်ခုထဲမှာ one take ရိုက်ကူးထားပါတယ်ကြားထဲလုံးဝမနားပဲကိုပါ ဒါကဘာလို့လဲဆို အပေါ်မှာပြောသလိုချစ်နေတာကိုဖွင့်မပြောရဲတဲ့ခံစားချက်အပြည့်သွင်းထားတော့ အရမ်းဈာန်ဝင်နေတော့တခါတည်းတန်းရိုက်ချသွားတော့ ခံစားချက်တွေကလုံးဝမလစ်ဟင်းသွားပဲ ပိုပီးတောင်ကြွသွားပါသေးတယ် ကောင်လေးမျက်လုံးတွေကြည့်ရင် ကြေကွဲရိပ်ယောင်တွေသမ်းနေပါတယ် ချစ်တဲ့သူကိုချစ်တယ်မပြောနိုင်တာဘယ်လောက်ဝမ်းနည်းဖို့ကောင်းလဲ

စစချင်း mv မှာမီးအိမ်ကိုအသားပေးပြထားတာမြင်ရပါမယ် မီးအိမ်ကကိုယ့်ကိုကိုယ်စတေးလိုက်တာပါ သူ့ကိုယ်တိုင်ကျပူနေပီး သူများကိုလင်းအောင်အလင်းပေးနေရတာလေ မီးအိမ်ကလည်း ကောင်လေးရဲ့စိတ်ကိုကိုယ်စားပြုပါတယ်သူ့ကိုယ်သူသူစတေးလိုက်တာပါ အဆုံးထိကိုမပြောပဲသူ့ရင်မှာပူနေတာပေါ့

ခန်းတစ်ခုလုံးကဖြူနေတာပါ အခန်းအဖြူရောင်ကလှတယ်ထင်ရပေမဲ့ လစ်ဟာနေတာကိုပြောချင်တာပါ..လိုအင်ဆန္ဒအပြည့်ရှိပေမဲ့လစ်ဟာနေပါတယ်တောင်းဆိုပိုင်ခွင့်တောင်းဆိုနိုင်ခွင့်မရှိပါဖူးတဖက်သူရဲ့အချစ်ကိုလိုချင်မိတဲ့လိုအင်ဆန္ဒရှိပေမဲ့ကိုယ်တိုင်ကမပြောနိုင်တဲ့အတွက် အခန်းအဖြူရောင်ကကောင်လေးရဲ့စိတ်အခြေအနေပြထားတာပါ

နောက်ပြီးအခုလိုလစ်ဟာနေတဲ့အခန်းထဲမှာစားပွဲတစ်ခုနဲ့ခုံ၂ခုံချထားပါတယ် ကောင်လေးကခုံမှာထိုင်လိုက်ပါတယ် ခုံ၂ခုံချထားတာမို့တဖက်သူကိုစောင့်နေပုံပါပဲ စောင့်နေတယ်ဆိုတာသူ့စိတ်ကစောင့်နေတာပါအပြင်မာစောင့်နေတာမဟုတ်ပါဖူး သူ့စိတ်ထဲမှာတဖက်သူနဲ့တူတူရှိနေချင်တဲ့စိတ်ဆန္ဒရှိတယ်ဆိုတာကိုပြတာပါ 

တဖက်သူထိုင်ဖို့ချထားတဲ့ခုံလေးကိုတောင်ထိကြည့်နေတာစိတ်ထဲမှာဒီလူနဲ့ ဘယ်လောက်တောင်အတူရှိချင်နေလဲဆိုတာသိသာလွန်းပါတယ်

နောက်အခန်းထဲမှာသူလျှောက်သွားနေတယ်ဒါကသူစိတ့်ကိုပြတာပါ ချစ်တဲ့သူနဲ့ပတ်သတ်ရင်စိတ်ကဂနာမငြိမ်နိုင်ကြပါဖူးဘယ်သူမှ 

စားပွဲပေါ်ကပန်းအိုးထဲကပန်းကိုကောင်လေးကအကြာကြီးကြည့်နေပါတယ် ပန်းအိုးထဲကပန်းကအဖြူရောင်ပါပန်းအဖြူရောင်ကထာဝရအချစ်ကိုမှဝန်ခံခြင်းမည်ပါတယ် ဝန်ခံတယ်ဆိုတာဖွင့်ပြောတာပေါ့နော် ဒါပေမဲ့ကောင်လေးကဘာလုပ်လိုက်လဲသိလား

ပန်းအဖြူကိုထုတ်ပီး 

သတင်းးစာပေါ်တင်လိုက်ပါတယ်

သတင်းစာမှာရေးထားတာဘာလဲ has been cancelled ပါ ...ဒီနေရာမှာသတင်းစာကကိုယ့်ကိုကိုယ်confirmလုပ်တာကိုပြချင်တာာပါ အဲတော့ သတင်းစာမှာ cancelled လို့ရေးထားတယ် ဝန်ခံခြင်းပန်းအဖြူကိုလည်း cancelled ရေးထားတဲ့သတင်းစာပေါ်တင်လိုက်တော့ သူချစ်နေတာကိုလုံးဝဖွင့်မပြောတော့မှာကိုသေချာသွားပါပီသူ့ကိုယ်သူ confirm လိုက်ပါပီ....စိတ်ထဲကနေပဲအဝေးကနေပဲထာဝရအချစ်နဲ့ချစ်နေတော့မယ်ဆိုတဲ့ပုံနဲ့ mv ကိုအဆုံးသတ်ထားပါတယ်....

Report Page