Online Learning

Online Learning


"Online Learning ဟာကျွန်တော်တို့ဘဝအတွက် ဘာတွေများကောင်းကျိုးပြုနိုင်လို့လဲ ❓"

ခေတ်အဆက်ဆက် နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ပညာရေးစနစ်ဟာလည်း တဖြည်းဖြည်းဆင့်ကဲပြောင်းလဲနေတာကို သတိထားမိကြမယ်ထင်ပါတယ်။ အခုပြောပြပေးသွားမဲ့အကြောင်းအရာကတော့ "Online Learning" ဆိုတဲ့ ခေါင်းစဥ်အောက်မှာရှိတဲ့...

🔹‌ Purpose Of Online Learning

🔹‌ Synchronous Learning

🔹‌ Asynchronous Learning

🔹‌ Blended Learning

🔹 ‌Benefits Of Online Learning တို့ပဲဖြစ်ပါတယ်။

ပထမဦးစွာအနေနဲ့ "Purpose of online learning" (Online learning ရဲ့ရည်ရွယ်ချက်) လေးနဲ့ အရင်စလိုက်ကြရအောင်။ အချိန်အခါတွေ၊ နေရာဒေသတွေ၊ ပတ်ဝန်းကျင်တွေနဲ့အတူ ပြောင်းလဲဖြစ်တည်လာတဲ့နည်းပညာတွေနဲ့ လူသားတွေဟာ လိုက်လျောညီထွေနေနိုင်အောင်ကြိုးစားကြရပါတယ်။

⛔ကုန်ကျစရိတ်ခက်ခဲမှုတွေ၊ အပြင်သွားရေးလာရေးခက်ခဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာအရမလုံခြုံတဲ့အခါမျိုး စတဲ့အခက်အခဲတွေနဲ့ ပညာသင်ကြားရတဲ့အခါ သင်ကြားခံရသူအနေနဲ့ လိုက်ပြီး လေ့လာအာရုံစူးစိုက်နိုင်ဖို့ခက်ခဲပါတယ်။ ဒီလိုအရာတွေအတွက် သိပ္ပံနည်းပညာရှင်တွေရဲ့ ကျေးဇူးနဲ့ Online ပေါ်ကနေပညာသင်ကြားနိုင်လာတဲ့ ခေတ်ကာလကို စရောက်ခဲ့ပြီး လွယ်လွယ်ကူကူနဲ့ အသိဗညာဗဟုသုတတွေကို လေ့လာဆည်းပူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။


Synchronous Learning

Synchronous Learning ဆိုတာကတော့ စာသင်ခန်းတစ်ခန်းရဲ့ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို တုပထားပြီတော့ သင်ခန်းစာပို့ချမှုတွေကို အချိန်သတ်မှတ်တာတွေ ဆွေးနွေးညှိနှိုင်းတာမျိုးတွေနဲ့ အခြား activities ပေါင်းစုံကို "Zoom" တို့ "Skype" တို့လို website application တွေကနေတစ်ဆင့် သင်ကြားသူ(ဆရာ၊ဆရာမ)နဲ့ သင်ကြားခံ(ကျောင်းသား၊ကျောင်းသူ)ကြား အပြန်အလှန်ချိတ်ဆက်ပေးပြီး လေ့လာသင်ကြားတာမျိုးပဲဖြစ်ပါတယ်။ ​

Asynchronous Learning

Asynchronous Learning ဆိုတာကတော့ ပုံမှန်အားဖြင့် ကြိုတင်ပြုလုပ်ထားပြီးသား (ဒါမှမဟုတ်) ရှိပြီးသားဖြစ်တဲ့ သင်ခန်းစာတွေ၊ ဆွေးနွေးထားတဲ့အကြောင်းအရာတွေ၊ ပဟေဠိမေးခွန်းတွေနဲ့ Activities တွေကို လေ့လာသင်ယူသူတွေအနေနဲ့ ကိုယ်ပိုင်နေရာလေးမှာ ကိုယ့်အတွက်သင့်လျော်သလိုအားလပ်တဲ့အချိန်မှာလေ့လာပြီး သင်ခန်းစာတွေကိုပြီးမြောက်အောင် လေ့လာသင်ကြားတာမျိုးဖြစ်ပါတယ်။

Blended Learning

Blended Learning ဆိုတဲ့လေ့လာသင်ယူမှု တစ်နည်းအားဖြင့် ပေါင်းစပ်သင်ယူခြင်းလို့လည်း ခေါ်ဆိုနိုင်တဲ့ သင်ယူလေ့လာခြင်းဟာ Online ပေါ်ကနေ Face to face သင်ယူတာမျိုးကော အပြင်မှာလက်တွေ့သင်ကြားတာမျိုးကိုပါ ပေါင်းစပ်လေ့လာတာမျိုးပဲ ဖြစ်ပါတယ်။ အပြင်သင်ခန်းစာကို တစ်ခါတစ်လေ တက်မြောက်ရင်းနဲ့မှ Online ကနေ တစ်ချို့သောသင်ခန်းစာတွေကို ပြီးမြောက်အောင် လေ့လာသင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Benefits Of Online Learning

Online ကနေတစ်ဆင့် လေ့လာသင်ယူတဲ့အခါရရှိနိုင်မဲ့အကျိုးကျေးဇူး (7) မျိုးရှိပါတယ်။ အဲ့ဒီအရာတွေကတော့...

📌 Flexibility - သင့်လျော်သလို ကိုယ်ပိုင်အချိန် ကိုယ်ပိုင်နေရာမှာ သက်တောင့်သက်သာ လေ့လာနိုင်တာမျိုး

📌 Accessibility - ကောင်းမွန်တဲ့အင်တာနက်ချိတ်ဆက်မှုရှိရုံနဲ့ ကိုယ်လိုအပ်နေတဲ့ ပညာသင်ကြားရာနေရာ လေ့လာရာနေရာတွေကို အလွယ်တကူဝင်ရောက်နိုင်တာမျိုး

📌 Cost-Effectiveness - သွားရေးလာရေး၊ နေထိုင်ရေး စတဲ့ကုန်ကျစရိတ်တွေလျှော့ချနိုင်တာမျိုး

📌 Variety of Programs - စိတ်ဝင်စားမှုနှင့် အသက်မွေးဝမ်း လမ်းကြောင်းပေါ်မူတည်ပြီး သဘောကျနှစ်သက်တဲ့သင်တန်းတွေ ဆွေးနွေးပွဲတွေကိုလေ့လာဆည်းပူးနိုင်တာမျိုး

📌 Development of Technical Skills - နည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေ၊ ​ Digital နဲ့ပက်သက်တဲ့ ဗဟုသုတတွေနဲ့ အသားကျပြီး ခေတ်မှီတိုးတက်လာတာမျိုး

📌 Resource Availability - ဗဟုသုတဆိုင်ရာအချက်အလက်တွေကိုစနစ်တကျ သိမ်းစည်းထားတာမို့လို့ ပြန်လည်ရှာဖွေလေ့လာလို့ရတာမျိုး

📌 Global Networking - ကိုယ့်အိမ်ကနေမှ တစ်ဆင့် တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ပြီး အသိပညာဗဟုသုတတွေ မျှဝေခံစားနိုင်တာမျိုးတွေ စတဲ့အပေါ်ကပြောသွားတဲ့အချက်တွေအားလုံး ရရှိမှာဖြစ်ပါတယ်။

🔷 စုံနဲ့မဒွန်တွဲနေသလို Online Learning မှာလည်း အကောင်းနဲ့အဆိုး ဒွန်တွဲနေပါတယ်။ Online Learning ကနေရလာနိုင်မဲ့ဆိုးကျိုးလေးတွေလည်းရှိပါတယ်။အဲ့ဒီအရာတွေကတော့...

👉 Lack of Social Interaction - အိမ်မှာပဲ အနေများလာတဲ့အခါမျိုးတွေမှာ လူတွေနဲ့ထိတွေ့ဆက်ဆံမှုနည်းပါးလာပြီးတော့ လူမှုဆက်ဆံရေး အားနည်းလာတာတွေ

👉 Technical Issues - အင်တာနက်ပြတ်တောက်သွားတာတွေ၊ နည်းပညာပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့် လေ့လာနေစဥ် ရပ်သွားတာမျိုးတွေ

👉 Self-Discipline and Motivation -ကိုယ့်စိတ်ကိုနိုင်ပြီး ဇွဲရှိရှိနဲ့ စည်းကမ်းတကျ လိုက်လုပ်နိုင်မှသာလျှင် အကျိုးရှိစေမှာဖြစ်ပြီး စိတ်အလိုကျအတိုင်းလုပ်နေမိရင် အာရုံစူးစိုက်မှုအားနည်းပြီး လေ့လာချင်စိတ်ရပ်တန့်နေတာတွေ

👉 Limited Practical Experience - တချို့သော လက်တွေ့လုပ်ဆောင်ဖို့လိုအပ်တဲ့အရာ ဥပမာ ခွဲစိတ်တာတွေ၊ တီထွင်စမ်းသပ်ချက်တွေပြုလုပ်တဲ့နေရာမျိုးတွေမှာ အကန့်အသတ်နဲ့သာလုပ်ဆောင်ရတာတွေ

👉 Distractions - အိမ်မှာနေရင်း သင်ယူလေ့လာတဲ့အခါ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အိမ်မှုကိစ္စတွေ ဒါမှမဟုတ် ဖျော်ဖြေရေးအစီအစဥ်တွေကြောင့် အာရုံထွေပြားမှုဖြစ်စေနိုင်တာမျိုးတွေ စတဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။


အချုပ်ပြောရရင်တော့ Online Learning ဟာနိုင်ငံရေးအခြေအနေအရကော ကုန်စျေးနှုန်းအခြေအနေအရပါ ကြည့်မယ်ဆိုရင် အင်မတန်အသုံးဝင်တဲ့ နည်းစနစ်တစ်ခုပါပဲ။ ဒီနည်းစနစ်ကို နည်းမှန်လမ်းမှန်နဲ့သာ အသုံးချမယ်ဆိုရင် ကမ္ဘာကြီးအတွက်ကော သင့်အတွက်ပါ အကျိုးရှိစေမှာဖြစ်တာမို့ အားလုံးကိုနှုတ်ဆက်ရင်း နိဂုံးချုပ်လိုက်ပါတယ်။

🙆‍♂️ နောက်လည်း ဒီလိုအကျိုးရှိတာလေးတွေ ဆက်လက်တင်ပေးသွားမှာဖြစ်လို့ Like & Follow လေးလုပ်သွားရင်း ဘဝအတွက်အကျိုးရှိအောင်ကြိုးစားနေထိုင်ကြပါစို့။

Content - Aung Paing Phyo

Edit - Htut Htut Aung

Research- Hlaing Hlaing Nay Myo

Graphic - Tin Win Aung

​​


#littlelighthouse

#edu_LLH

#OnlineLearning

#Education

#OnlineLearning

#Educational

#FYI

Report Page