One Punch Man Season - 3
PAMOne Punch Man လို့ပြောလိုက်ရင် လမ်းထိပ်ဂိတ်က ဆိုက်ကားဆရာတောင် သိလောက်တယ်ဆိုပေမယ့်
မကြည့်ရဖူးသေးတဲ့သူတွေအတွက် Review လေးရေးပေးလိုက်ရပါတယ် 🙂↕️🙂↕️
REVIEW - ကဲ .... အစကပြောရရင်တော့ Saitama ဆိုတဲ့ကောင်လေးက ငယ်ငယ်ထဲက Hero ဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Solo leveling ထဲက "ဆောင်ဂျင်၀ူး" လို Sit up/Squad/Pushup 100ဆီ နေ့တိုင်းလုပ်ခဲ့ပေမယ့် ဆောင်ဂျင်၀ူးလို စော်မကြည်သွားဘဲ ဆံပင်ကျွတ်ပြီး ဂတုံးဖြစ်သွားပါတော့တယ်
ဒါပေမယ့် ဂတုံးဆိုပြီးအထင်မသေးလိုက်ပါနဲ့ ဂျပန်ဂတုံးထက်တောင် ပိုကြမ်းပြီးတော့ တစ်ချက်ထဲနဲ့ပြီးတာပါ ( ရန်သူကို အပြီးသတ်နိုင်တာကို ပြောတာပါ 🥴 )
အဲ့ဒီလို တစ်ချက်ပြီးအစွမ်းတွေနဲ့ ကမ္ဘာပေါ်ကျရောက်လာတဲ့ ဂြိုလ်သားတွေကို ဘယ်လိုတိုက်ခိုက်သွားမှာလဲ ..... ဘယ်တိုတလွဲတွေလုပ်ပြီး ဘယ်လိုတွေခွီနေရမလဲဆိုတာကတော့ .....
( Saitama အပြင် တခြား Hero Character တွေလည်းအများကြီးပါတာမို့လို့ အားလက်ချိန်မှာ Chill လို့ကောင်းမယ့် Anime တစ်ခုပါ )