Oda
One Piece ဆိုတာ နှစ်ပေါင်းများစွာ ဖြည်းဖြည်းချင်း ဖော်ထုတ်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ အဲဒီလျှို့ဝှက်ချက်တွေကို အချိန်မတိုင်ခင် သိသွားရင် Fan တွေရဲ့ စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားနိုင်တယ်ဆိုတာ သူ ကောင်းကောင်း သိပါတယ် ...
သူက ဇာတ်လမ်းကို ရေးနေတုန်းမှာ fan တွေရဲ့ Theory တွေကို မဖတ်တော့ဘူးလို့ ပြောဖူးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ theory တွေက တခါတလေ တော်တော်လေး မှန်နေတတ်လို့ "ဒီအရာကို ရှင်းပြစရာ မလိုတော့ဘူး" ဆိုတဲ့ အတွေးမျိုး ဝင်လာပြီး ဇာတ်လမ်းရဲ့ စီးဆင်းမှုကို ထိခိုက်စေမှာ စိုးရိမ်တာပါ။
Oda ဟာသသဘောအနေနဲ့ ပြောဖူးတာရှိပါတယ် Fan တွေက အဆုံးသတ်ကို ခန့်မှန်းမိသွားရင် ပြောင်းပစ်မယ်တဲ့။ နောက်ပိုင်းမှ သူ့ editor က အဲဒါ ဟာသပဲလို့ ရှင်းပြခဲ့ပေမယ့် အဲဒီစကားထဲမှာတော့ သူ spoilers ကို ဘယ်လောက်အထိ မကြိုက်ဘူးဆိုတာ ပေါ်လွင်နေပါတယ်။ One Piece ရဲ့ နောက်ဆုံး panel ကိုတောင် နှစ်ပေါင်းများစွာကတည်းက ဆုံးဖြတ်ထားပြီးသားလို့ ပြောဖူးတဲ့သူက အဲဒီလျှို့ဝှက်ချက်ကို အချိန်မတိုင်ခင် ပေါက်ကြားသွားမှာ စိုးရိမ်တာ သဘာဝကျပါတယ်။
ဥပမာအားဖြင့် Ace ရဲ့ မိဘအကြောင်းကို နောက်မှ ပြောင်းလဲ ဆုံးဖြတ်ခဲ့တာမျိုး၊ Supernovas တွေကို Sabaody မှာ ရုတ်တရက် ထည့်ခဲ့တာမျိုးတွေက သူ့ရဲ့ ဖန်တီးမှုက လမ်းခုလတ်မှာ ပြောင်းလဲနိုင်တယ်ဆိုတာ ပြနေပါတယ်။ ဒါပေမယ့် အဲဒါတွေက ပေါက်ကြားမှုကြောင့် မဟုတ်ဘဲ ဇာတ်လမ်းကို ပိုကောင်းအောင်၊ ပိုစိတ်လှုပ်ရှားအောင် လုပ်ချင်တဲ့ ဆန္ဒကြောင့်သာ ဖြစ်တာပါ။ သူက fan တွေကို "ဒီအခန်းမှာ ဘာဖြစ်မလဲ" ဆိုတဲ့ မေးခွန်းနဲ့ မျှော်လင့်ချက်ကို ထိန်းထားချင်တာမျိုးပါပဲ။
အဲဒီလို သဘောထားကြောင့်ပဲ One Piece ကို ဖတ်နေတဲ့သူတွေ အများစုက ဇာတ်လမ်းကို အချိန်နဲ့အမျှ လိုက်ပြီး ခံစားချင်ကြတယ်။ Spoilers တွေ ပေါက်ကြားလာတိုင်း စိတ်ညစ်ရတတ်တာကလည်း သူ့လို ဖန်တီးသူတစ်ယောက်ရဲ့ အမြင်ကို နားလည်နိုင်လို့ပါပဲ။ Oda က ဇာတ်လမ်းကို သူ့ပုံစံအတိုင်း ဖြည်းဖြည်းချင်း ဖော်ထုတ်ချင်တယ်။ အဲဒီအချိန်ကို စောင့်ဆိုင်းရတာကပဲ One Piece ရဲ့ အရသာ တစ်ခု ဖြစ်နေတာပါ။