Oda

Oda


ဒီကိစ္စကို ကာယကံရှင် လက်ထောက်ဖြစ်သူက ဘယ်လိုသဘောထားလဲ မသိပေမယ့် သူ့ရဲ့ ဇနီးသည်ကတော့ လုံးဝကို လက်မခံနိုင်ခဲ့ပါဘူး။ သူ့ယောကျာ်း အလုပ်ပြုတ်သွားတဲ့ ဒေါသက Grand Line က မုန်တိုင်းတွေထက်တောင် ပိုကြမ်းနေခဲ့ပါတယ် :3 အဲ့ဒီ အမျိုးသမီးက Oda ဆီကို "Die, Die" ဆိုတဲ့ စာသားတွေအပါအဝင် ခြိမ်းခြောက်တဲ့ Email ပေါင်း ၁၀၀ ကျော်ကို ၂၀၀၇ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်းမှာ ဆက်တိုက် ပို့ခဲ့တာပါ။ 


ဒါပေမယ့် Oda ကလည်း ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်တတ်သူပီပီ ဒီကိစ္စကို ဂျပန်ရဲတပ်ဖွဲ့ဆီတိုင်ကြားလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း သေချာစုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့ ၂၀၀၉ ခုနှစ်ရောက်တဲ့အခါ အဲ့ဒီအမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကိုယ့်ယောကျာ်းရဲ့ အလုပ်ရှင်ဟောင်းကို လာခြိမ်းခြောက်ချင်တဲ့ အမျိုးသမီးတစ်ယောက် ထောင်ထဲကို တန်းတန်းမတ်မတ် ရောက်သွားခဲ့ရပါတယ်။ 

Report Page