Oda
နှစ်ပေါင်း ၂၀ ကျော်လောက် 2D Character တွေကိုပဲ ရင်းနှီးလာခဲ့တဲ့ တော fan တွေက သူတို့စိတ်ကူးထဲက ပုံစံနဲ့ လက်တွေ့သရုပ်ဆောင်တွေရဲ့ ရုပ်မတူဘူးဆိုပြီး အတော်လေးကို ဒေါသထွက်ခဲ့ကြတာပါ။ တချို့အစွန်းရောက်တဲ့ toxic fan တွေဆိုရင် Season 2 အတွက် Vivi နေရာမှာ သရုပ်ဆောင်မယ့်သူကို လူမျိုးရေးခွဲခြားတဲ့အထိ အမုန်းစကားတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပါတယ်။ ကောလာဟလတွေထဲမှာ သေကြောင်းကြံမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေအထိ ပါဝင်လာတယ်လို့ ဆိုကြပေမယ့် လက်တွေ့ reality မှာတော့ သရုပ်ဆောင်တွေရဲ့ social media တွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ comment တွေနဲ့ အပြင်းအထန် Harassment လုပ်ခဲ့ကြတာကတော့ အမှန်ပါပဲ။
ဒီလိုနဲ့ ပြဿနာတွေက Impel Down ထောင်ဖောက်တဲ့အဖြစ်လိုမျိုး ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့ Oda ကိုယ်တိုင် ဝင်ပါခဲ့ရပါတယ်။ Oda က Marineford စစ်ပွဲကြီးကို ဝင်တားခဲ့တဲ့ Shanks လိုမျိုးပဲ "ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ငါရောက်လာပြီ" ဆိုတဲ့ ပုံစံနဲ့ fan တွေကို စာတွေရေးပြီး ဖြေရှင်းပေးခဲ့ပါတယ်။ သူက ဒီ live action series မှာ သူ့အနေနဲ့ "Guard Dog" တစ်ကောင်လိုမျိုး အနီးကပ်စောင့်ကြည့်နေသလို အခုရွေးချယ်ထားတဲ့ သရုပ်ဆောင်တွေအားလုံးဟာ သူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားတာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူလုံးဝ စိတ်တိုင်းမကျမချင်း Netflix ဘက်ကနေ ဘာတစ်ခုမှ ထုတ်လွှင့်မှာမဟုတ်ဘူးဆိုပြီးတော့လည်း fan တွေ စိတ်အေးရအောင် အာမခံပေးခဲ့ပါတယ်။