Nice to Not Meet You (2025)
By Arielဒီတစ်ခါမှာတော့ "Squid Game"မင်းသားLee Jung Jae, "The Glory"ဇာတ်လမ်းတွဲမှ မင်းသမီး Lim Ji Yeon, "Crash Landing on You" ဇာတ်ကားမှ မင်းသမီး Seo Ji Hye နဲ့ "The Haunted Palace" ဇာတ်ကားမှ မင်းသား Kim Ji Hoonတို အဓိက ပါဝင်ထားတဲ့ rom-com ဒရမ်မာအသစ်လေးက ထွက်ရှိလာပါပြီ။
မင်းသားအင်ဟျွန်းဂျွန် (Lee Jung Jae)ဟာ "Good Detective Kang Pil Gu"ဆိုတဲ့ စုံထောက်စီးရီးကို season 4 အထိ ရိုက်ကူးအောင်မြင်ခဲ့ပေမဲ့ အမြဲတမ်း စုံထောက်ဇာတ်ရုပ်ကိုချည်းပဲ နှစ်အတော်ကြာ သရုပ်ဆောင်နေရတာကြောင့် ရိုမန့်စ်ဒရမ်မာဘက်ကို ခြေလှမ်းအသစ်လှမ်းချင်နေတဲ့သူပါ ..
ဝီဂျောင်ရှင်း (Lim Ji Yeon)ကတော့ ဆုတွေပါဆွတ်ခူးရရှိထားတဲ့ နိုင်ငံရေးသတင်းထောက်ဖြစ်ခဲ့ပေမဲ့ အဂတိလိုက်စားမှုတစ်ခုကို ဖုံးပေးရာကနေ ဖျော်ဖြေရေးဌာနကို ရာထူးချခံလိုက်ရတဲ့သူပါ ..ဒါ့အပြင် သူမဟာ မင်းသားအင်ဟျွန်းဂျွန်ပါဝင်ထားတဲ့ စုံထောက်ဇာတ်လမ်းတွဲရဲ့ ပရိသတ်လည်းဖြစ်ပါတယ် ..
ဒီလိုနဲ့ တစ်နေ့မှာ သူမဟာ မင်းသားနဲ့တွေ့ဆုံတဲ့အချိန်မှာတော့ ဇာတ်လမ်းတွဲထဲက ကာရိုက်တာနဲ့ လုံးဝကွဲပြားနေတဲ့မင်းသားရဲ့အပြင်ပုံစံကြောင့် စိတ်ပျက်ခဲ့ရပါတော့တယ် .. မင်းသားနဲ့ သတင်းထောက်မလေးတိုကြားက အချစ်-အမုန်းဆက်ဆံရေးကို ဟာသလေးနှောပြီး ရိုမန့်တစ်ဆန်ဆန်ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်လို အပတ်စဉ် Mon,Tueတိုင်းစောင့်ကြည့်ပေးကြပါဦးနော် ..