Myo Win

Myo Win

Myo Win

နှုတ်နဲ့လည်း ကာကွယ်တတ်ရမယ်

===========

      fb ပေါ်မှာ  နိုင်လင်း ACC က ရေးထားတဲ့အကြောင်း ဖတ်လိုက်ရတော့ ကိုယ်မသိသေးတဲ့ စိတ်ဝင်စားဖွယ် ကိစ္စတခု တွေ့လိုက်ရလို့ အတွေးတစ နဲ့ မျှဝေချင်ပါတယ် ။

   စာရေးဆရာ မင်းသိင်္ခတယောက် တပ်ကြပ်ကြီးစာရေး ရာထူးကနေ နှုတ်ထွက်ပြီး အညာက အရက်နဲ့စားစရာ တွဲရောင်းတဲ့ ထမင်းဆိုင်ရှင် အမျိုးသမီး နဲ့ အိမ်ထောင်ကျသတဲ့ ။ 

   စစ်ထွက်ဆိုတော့ အခြားအလုပ်လည်း မလုပ်တတ်သေးပဲ ထမင်းဆိုင်မှာလည်း အမြဲလူလိုနေတော့ သူပဲ စာပွဲထိုး သူပဲ ထင်းခွေရေခပ်အလုပ် လုပ်နေရတာ ၂ နှစ်လောက်ကြာသတဲ့ ။ 

   အဲဒီကာလမှာ မူးရူးနေတဲ့ စားသုံးသူတွေက ဟေ့ကောင်စစ်ထွက် ဘာယူခဲ့စမ်း ၊ ဟေ့ကောင်စစ်ထွက် ဒါပြင်ပေးစမ်း ၊ ဟေ့ကောင် စစ်ထွက် ကျသင့်ငွေ နောက်နေ့မှပေးမယ် မပေးချင်လည်း မပေးဘူး ကျေနပ်လား အစရှိသဖြင့် ပမာမခန့် ဆက်ဆံခံရတော့ အများနဲ့တယောက်မို့ မခံချင်ပေမယ့် သည်းခံနေခဲ့ရတဲ့ ။


    တနေ့ စစ်ကားကြီးတစီး ရောက်လာပြီး စားသောက်ကျတော့ ကားပေါ်က အရာရှိနဲ့ ရဲဘော်တွေက မင်းသိင်္ခကို ဟာ ဆရာကြီးအောင်ထွန်း မတွေ့တာကြာပြီ ဘာညာနဲ့ ဝမ်းသာအားရ နှုတ်ဆက်ကြသတဲ့ ။ 

   အရာရှိက အရိပ်အကဲ ကြည့်တတ်သူမို့ ညှိုးငယ်နေတဲ့ သူ့ တပ်ကြပ်ကြီးရဲ့ မျက်နှာရိပ် မျက်နှာကဲကို သိပြီး နောက်ဖေးခေါ် မေးသတဲ့ ။ ဖြစ်စဥ်ကို ပြောပြတော့ အရာရှိက ခေါင်းငြိမ့်နားထောင်တယ် ။ 

   ပြီးတော့မှ မှာစရာရှိတာ မှာပြီး ဆိုင်ထဲပြန်ဝင်လာတယ် ။ ညနေခင်းဆိုတော့ အသောက်သမားတွေ စုံနေပြီပေါ့ ။ လူစည်နေတဲ့ ဆိုင်ထဲမှာ အရာရှိဖြစ်သူက မင်းသိင်္ခကို အားလုံးကြားအောင် ပြောဆိုပြီး နှုတ်ဆက်ထွက်သွားပါတယ် ။ သူပြောတာက....

"ကဲ ဆရာကြီးအောင်ထွန်းရေ ကျုပ်ပြောတာ မမေ့နဲ့ ကျုပ်ပေးထားတဲ့ ဟာနဲ့ လက်ဦးအောင်သာဆော် မခံရစေနဲ့ ဖြစ်လာတဲ့ ပြဿနာ ကျုပ်ရှင်းမယ် နော်''


   အဲလို ပြောသွားပြီးတဲ့နောက် တနယ်လုံးက အမူးသမားတွေ ကိုကြီးအောင်ထွန်း တလုံးလောက် ၊ ကိုကြီးအောင်ထွန်း ဆားနည်းနည်းပေးပါအုံး ၊ ကိုကြီးအောင်ထွန်း ပိုက်ဆံမလောက်လို့ နက်ဖြန်မှ ပေးတော့မယ်နော် လို့ဆိုတဲ့ အသံတွေနဲ့ ဆက်ဆံလာကြသတဲ့ ။ 

     ဒါကို သတိထားမိတဲ့ သူ့မိန်းမက မေးတယ် ကိုအောင်ထွန်း တော့ကို ဗိုလ်ကြီးက သေနတ်ပေးသွားတာလား ၊ လက်ပစ်ဗုံး ပေးသွားတာလား ကျုပ်ကိုလည်း ပြောစမ်းပါအုံး တဲ့ ။ 

   ဘာမှ မပေးပါဘူးကွာ ဖြစ်လာရင် လက်ဦးအောင်လို့ပဲ မှာသွားတာပါ ၊ သူက သူတတ်နိုင်တဲ့ နှုတ်၏ဆောင်မခြင်း နဲ့ ဆောင်မသွားတာကွ လို့ ပြန်ဖြေသတဲ့ ။

    အဲဒီဖြစ်ရပ်မှန်မှာ ဒီထက်အံ့သြစရာကောင်းတာက ဆရာကြီးမင်းသိင်္ခကို ရဲဘော်ရဲဘက်ခြင်း ဆိုတဲ့ အသိနဲ့ နှုတ်နဲ့ဆောင်မသွားတဲ့ အရာရှိဆိုတာ ကျနော်တို့ အားလုံး သိမှီလေးစားခဲ့ကြရတဲ့ နဝတခေတ် အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး ဖြစ်နေလို့ပါပဲ ။

 

    မိမိရဲဘော် ပြင်ပကမ္ဘာမှာ လူတကာစော်ကားခံနေရတာကို မကြားရက်လို့ အဲသလို တတ်နိုင်တဲ့ဘက်ကနေ ကြည့်ရှုစောင့်ရှောက်ခဲ့သူ နဝတခေတ် ဗိုလ်ချုပ်ကြီးတွေအကြောင်း သိရတော့ ကျနော်တို့ အကာအကွယ် မပေးနိုင်ပါဘူး ဆိုတဲ့ နစက ဗိုလ်မှူးချုပ်ရဲ့ အပြောကို ငါကိုင်တုတ်ဖို့ မကောင်းဘူးလားဗျာ ။ 

   နှုတ်နဲ့တောင် ကျနော်တို့ ရဲဘော်တွေ တပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ သူပုန်တွေကို အပြတ်ရှင်းပြီး ဆုံးမမယ် မပြောဘူး ကျနော်တို့ မတိုက်ပါဘူး ဆိုပြီး ထပ်တိုက်ကြဖို့ သူပုန်ကို အချက်ပြနေတဲ့ သဘောဖြစ်မနေဘူးလား ။ 

     မြန်မာ့တပ်မတော်မှာ ပြောတတ် ဆိုတတ် ဖြတ်ထိုးဥာဏ်ထက်သန်တဲ့ အခြားလူ မရှိတော့ဘူးလားဗျာ ၊ မြင်ရ ကြားနေရတာ အတော်လေး ကျက်သရေတုန်းနေလို့ပါ ။ တော်ပါပြီလေ ရေးရင်း ရေးရင်း ငပိနံ့ သင်းလာပြီ ။

Myo Win

(KNU က မုဒိန်းကျင့်လို့ ဗိုက်ကြီးနေပြီ တပ်မတော်က အခုထိ အဖြေမပေးရသေး မိန်းကလေးဂိုက် ဖမ်းနေတုန်း ထွီ)

Report Page