Myanmar Hard Talk
MHTNEWS❝TNLA/ PDF အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းများပေါက်ကွဲခဲ့မှုကြောင့် အရပ်သား ၂ ဦးဒဏ်ရာရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟑》
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်များ ဒီဇင်ဘာ ၂၂ ရက်တွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာနေ ကိုကျော်စွာဝင်း(၂၇)နှစ်နှင့် တစ်ရွာနေထိုင်သူ ဦးကျော်ဇော်ဟိန်း(၃၂)နှစ်တို့ ဖြစ်ကြသည်ဟုဆိုသည်။
ကိုကျော်စွာဝင်းသည် ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၁၁ နာရီတွင် ကျေးရွာ၏အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ တောင်ယာခင်း သို့ သွားရောက်စဉ် တောင်ယာခင်းအနီးအရောက် TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
အလားတူ ဦးကျော်ဇော်ဟိန်း ဆိုသူမှာလည်း ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် အဆိုပါကျေးရွာအနီးရှိ ၎င်းပိုင် တောင်ယာခင်းသို့ သွားရောက်စဉ် တောင်ယာခင်းအနီးအရောက် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။