Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အကြမ်းဖက် AA ထံပို့မည့် စစ်အီကွေ့မန့်များနှင့်အတူ မွတ်ဆလင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဖမ်းဆီး❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟗》


အာရက္ခတပ်တော်ဟု အမည်ခံထားသော AA အကြမ်းဖက်အဖွဲ့ထံ ပို့ဆောင်မည့် အီကွေ့မန့်များကို ပို့ဆောင်သူ မွတ်ဆလင် ၃ ဦးနှင့်အတူ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၇ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တစ်ခုထံသို့ စစ်နှင့်ဆက်စပ်သော ပစ္စည်းများ မှောင်ခိုတင်သွင်းနေကြောင်း သတင်းအရ ရာမူးမြို့နယ်ရဲတပ်ဖွဲ့မှ Joariyanala ကျေးရွာအနီးတွင် မသင်္ကာဖွယ်ရာ မီနီထရပ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ ပလတ်စတစ်အိတ် ၃၂ လုံးဖြင့် ထည့်ယူလာသော စစ်အီကွေ့မန့် ဝတ်စုံ ၁၆၀၀ ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။


အဆိုပါ အီကွေ့မန့်များကို AA အကြမ်းဖက်ထံ ပို့ဆောင်မည်ဖြစ်ကြောင်း ဖမ်းဆီးရမိသူ မွတ်ဆလင်များက ထွက်ဆိုထားကြသည်ဟု ရာမူးမြို့နယ်ရဲတပ်ဖွဲ့ အရာရှိ မိုနီရူလ်အစ္စလာမ် ဘူယန်က အတည်ပြုပြောကြားထားသလို ဖမ်းဆီးရမိထားသူများမှာ ကွမ်ဘိုနီးယားဒေသမှ အသက် ၂၅ နှစ်အရွယ် အမ်ဒီ ရှာဂျာဟန်၊ အက်ရှာတာလီဒေသမှ အသက် ၁၉ နှစ်အရွယ် အမ်ဒီ အီလီယာစ်နှင့် ဂီလာတာလီဒေသမှ အသက် ၂၅ နှစ်အရွယ် အတီကာ ရာမန်တို့ ဖြစ်ကြသည်ဟုဆိုသည်။


ဖမ်းဆီးရမိသော မွတ်ဆလင် ၃ ဦးကို တရားဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားမည်ဟုလည်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ပြောကြားထားသည်ဟု သိရသည်။

Report Page