Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာသင်တန်းများ အပြန်အလှန်ဖွင့်လှစ်ရေးအတွက် မြန်မာ-အိန္ဒိယဆွေးနွေး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟔》


နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ မြန်မာ- အိန္ဒိ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာသင်တန်းများ အပြန်အလှန်ဖွင့်လှစ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


အလားတူ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသလို လေ့ကျင့်ရေးဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုပါ ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။


ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို စတင်ချမှတ်သည့် သုံးနိုင်ငံတွင် အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာ လိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးပါက ပိုမိုကောင်းမွန်သော နယ်ပယ်များ ပေါ်ထွန်းလာမည့် အခြေအနေများကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Report Page