Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အကြမ်းဖက်သမားများက အရပ်သားပြည်သူများကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟏𝟓》


မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အစရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ KIA/PDF ကြမ်းဖက်အုပ်စုများက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အရပ်သားပြည်သူများအပေါ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။


ဖြစ်စဥ်များမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးနိုင်ဇော်ထက်(၃၀)နှစ်နှင့် ဦးကျော်(၆၅)နှစ်တို့သည် ပျောက်သွားသည့်နွားကို လိုက်လံရှာဖွေရန် ထွက်ခွာလာစဉ် ကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောလမ်းအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို ဦးကျော်မှ နင်းမိပေါက်ကွဲခဲ့ မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သည်။


အလားတူ ဒီဇင်ဘာ ၁၄ ရင်နေ့ကပင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ကုန်းသာကျေးရွာနေ ဦးအေးကျော်စိုး(၅၃)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးစန်း(၅၅)နှစ်နှင့်အတူ ကုန်းသာကျေးရွာမှ မန္တလေးမြို့သို့ မော်တော်ယာဉ် တစ်စီးဖြင့် ထွက်ခွာလာစဉ် ကုန်းသာကျေးရွာ၏အရှေ့တောင်ဘက် ၅ ဖာလုံခန့်အကွာ မြင်းခြံ-နွားထိုးကြီးကားလမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား မိုင်းဆွဲဖောက်ခွဲကာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေါ်အေးစန်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့သည်။


ထို့ပြင် မလှိုင်မြို့နယ်၌လည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။


သေဆုံးသူမှာ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွန်း(၆၆)နှစ်ဖြစ်သည်ဟု သိရပြီး ၎င်း၏နေအိမ်မှ ကျေးရွာအတွင်းရှိ ဈေးဆိုင်သို့ ထွက်ခွာလာစဉ် ရွာလယ်လမ်းဆုံအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။


အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးနိုင် (၅၇)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်အေးသန်း(၅၅)နှစ်တို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင်အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုဆိုသည်။


ထို့အတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်ကျေးရွာနေ ဦးသန်းနိုင်ဦး(၄၂)နှစ်သည် အဆိုပါကျေးရွာမှ ရေလဲကျေးရွာသို့ ထွက်ခွာလာစဉ် တညောင်ကျေးရွာ ၏အနောက်တောင်ဘက် ၃ ဖာလုံအကွာ စလင်း-တညောင်-ဆိပ်ဖြူသွားကားလမ်းပေါ်အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌လည်း KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်တစ်ခု ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။


ဒဏ်ရာရရှိခဲ့သူမှာ မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာနေ ဒေါ်စန်းအေး(၅၀)နှစ် ဖြစ်သည်ဟု သိရပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးထွန်းဦး(၇၀)နှစ်နှင့်အတူ နန်းမားမြို့မှ နန့်စော်လော်ကျေးရွာသို့ ခြေလျင်ပြန်လာစဉ် နန့်ရင်းချောင်းတံတားအနီးအရောက် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို ဒေါ်စန်းအေးမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Report Page