Myanmar Hard Talk
MHTNEWS❝မိုးညှင်းမြို့နယ်၌ KIA/ PDF အကြမ်းဖက်အဖွဲ့က ခရီးသွားအရပ်သားကားတစ်စီးအပြင် ငွေကျပ် ၉၁၇ သိန်းခန့်တန်ဖိုးရှိ ငွေနှင့် ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်သွား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟒》
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ခရီးသွားအရပ်သားမော်တော်ယာဉ်တစ်စီးကို တားဆီးကာ ၎င်းမော်တော်ယာဉ်အပြင် စုစုပေါင်း ငွေကျပ် ၉၁၇ သိန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေထည်ပစ္စည်းများကို အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားသည့်ဖြစ်စဥ်တစ်ခု ဒီဇင်ဘာ ၃ ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အရှေ့စုရပ်ကွက်နေ ဒေါ်အေးအေးခိုင်(၅၃)နှစ်သည် မိခင်ဖြစ်သူ ဒေါ်ခင်မြင့်(၇၅)နှစ်၊ ဟိုပင်မြို့၊ မြကျွန်းသာရပ်ကွက်နေ ညီမဝမ်းကွဲဖြစ်သူ ဒေါ်ငြိမ်းငြိမ်းအိ(၃၀)နှစ်တို့နှင့်အတူ မြစ်ကြီးနားမြို့သို့ နန်းမား-ဟိုပင်လမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာခဲ့သည်။
ထိုသို့ထွက်ခွာလာစဉ် လက်ပံတန်းကျေးရွာအနီးအရောက် KIA/ PDF အကြမ်းဖက်သမားများက မော်တော်ယာဉ်ကို တားဆီးကာ ၎င်းတို့သုံးဦးကို ယာဉ်ပေါ်မှ ဆင်းခိုင်းပြီးနောက် ယာဉ်ပေါ်ပါလာသည့် ငွေကျပ်သိန်း ၃၀၀ ခန့်၊ ရွှေဆွဲကြိုး ၂ ကုံး၊ ရွှေလက်ကောက် ၁ ကွင်း၊ ရွှေလက်စွပ် ၁ ကွင်း၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် မော်တော်ယာဉ်တစ်စီး၊ စုစုပေါင်းတန်ဖိုး ငွေကျပ် ၉၁၇ သိန်းခန့်ကို အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။