Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝PDF အမျိုးသား၊ အမျိုးသမီး ၈၃ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟐𝟗》


နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ပေါင်း ၈၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ နိုဝင်ဘာ ၂၈ ရက်နေ့က ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်ဟု သိရသည်။


အဆိုပါ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသူများထဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၂) ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား (၄) ဦး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား (၁) ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား (၂၃) ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား (၆) ဦး၊ အမျိုးသမီး (၇) ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား (၁) ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား (၁၁) ဦး၊ အမျိုးသမီး (၄) ဦး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား (၃)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား (၄) ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား (၁) ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား (၁) ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား (၆) ဦး၊ အမျိုးသမီး (၂) ဦး၊ စုစုပေါင်း အမျိုးသား (၆၇) ဦးနှင့် အမျိုးသမီး (၁၆) ဦးတို့ ပါဝင်သည်ဟုဆိုသည်။


၎င်းတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌လည်းကောင်း၊ မတ္တရာမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း မိဘအုပ်ထိန်းသူများထံသို့ အသီးသီး အပ်နှံပေးခဲ့သလို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများကလည်း ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၁၀ လက်၊ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ လက်ပစ်ဗုံးနှင့်လက်လုပ်မိုင်း ၆ လုံး၊ ကျည်အိမ် ၁၈ ခု၊ ကျည် ၇၅၉ တောင့်တို့ကို လွှဲပြောင်းအပ်နှံပေးခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်နှုန်းအတွက် ဆုကြေးငွေ သိန်း ၅၀ နှုန်းဖြင့် ၁၀ လက်အတွက် ငွေကျပ် သိန်း ၅၀၀ ၊ ပစ္စတိုသေနတ်တစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၂၀၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေ ၅ သိန်းနှုန်းဖြင့် သေနတ် ၃ လက်အတွက် ငွေကျပ် ၁၅ သိန်း၊ လက်ပစ်ဗုံးနှင့်လက်လုပ်မိုင်းတစ်လုံးစီအတွက် ဆုကြေးငွေကျပ် ၃ သိန်းနှုန်းဖြင့် လက်ပစ်ဗုံးနှင့်လက်လုပ်မိုင်း ၆ လုံးအတွက် ငွေကျပ် ၁၈ သိန်း နှင့် အလင်းဝင် လာသူအားအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀)နှုန်း ဖြင့် လူ ၈၃ ဦးအတွက် ဆုကြေးငွေကျပ် ၄၁၅၀၀၀၀ ကျပ်၊ စုစုပေါင်းငွေကျပ် ၅၉၄၅၀၀၀၀ ကျပ်နှင့် ထောက်ပံ့ပစ္စည်းများကို ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Report Page