Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝KNU နှင့် PDF အကြမ်းဖက်အဖွဲ့တို့က အရပ်ဘက်ကားတစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟐𝟐》


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲအချိန်တွင် KNU နှင့် PDF အကြမ်းဖက်အဖွဲ့တို့က အရပ်ဘက်ကားတစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံး/ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲတွင် 


သေဆုံးသူမှာ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ကိုဟန်လင်းဇော် (၂၁)နှစ်ဖြစ်သည်ဟု သိရပြီး ဦးသူရအောင်(၃၂)နှစ်နှင့် ဦးရှိုင်းကို (၃၃)နှစ်တို့လိုက်ပါလာသည့် ယာဉ်အမှတ် 5H/6398 Fuso အမျိုးအစား ၁၂ ဘီးကုန်တင်ယာဉ်ကို မင်းလက်ပံကျေးရွာမှ မြဝတီမြို့သို့ မြဝတီ-ဝေါလေကားလမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် မင်းလက်ပံကျေးရွာထိပ်အရောက်၌ KNU/PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါပစ်ခတ်မှုကြောင့် ကိုဟန်လင်းဇော်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သလို ဦးသူရအောင်တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဦးရှိုင်းကိုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

Report Page