Myanmar Hard Talk
MHTNEWS❝PDF တွေကို (EAO)တွေက အမြစ်ဖြတ်တော့မလား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟐𝟐》
မြန်မာ့ တပ်မတော်က သံချပ်ကာကားတွေ၊ အမြောက်တွေ၊ ဒုံးလက်နက်တွေ၊ စက်သေနတ်တွေ၊ လက်ဖြောင့်တပ်သားတွေပါတဲ့ စစ်ကားတန်းကြီးဟာ မိုးကုတ်မြို့နဲ့ (၁၀)မိုင်ကျော်လောက်ပဲဝေးတော့တဲ့ ညောင်ကုန်း၊ လွယ်မွန်းနဲ့ လယ်ကြီးရွာတွေကို ရောက်ရှိနေချိန်မှာ မိုးကုတ်မြို့ထဲမှာ ပလောင်လက်နက်ကိုင်အဖွဲ့ဟာ မိုးကုတ်မြို့ခံ PDF တွေကိုပါ မြို့ထဲကမောင်းထုတ်လိုက်ပြီလို့ ကြာသိရကြောင်း PDF အုပ်စုတွေနဲ့ နီးစပ်တဲ့ (Freedom News Group) ဆိုတဲ့ သတင်းဌာနတစ်ခုမှာ ဖေါ်ပြထားပါတယ်၊
လွန်ခဲ့တဲ့ သီတင်းတစ်ပတ်ကျော်လောက်က ပလောင်လက်နက်ကိုင် တွေဟာ PDF တွေကို သူတို့ အခြေစိုက်စခန်းတွေရှိတဲ့ မန်တုံ၊ နမ္မတူ စတဲ့ ဘက်တွေကိုခေါ်သွားဖို့ အစီအစဉ်ရှိပေမယ့် ပလောင် ထောက်လှမ်းရေးတွေက တာဂျုတ်ဂျားကိုတင်တဲ့ အစီရင်ခံစာတွေ ထဲ မှာ မန္တလေး PDF ဟာ စစ်တပ်သတင်းပေးနဲ့ မြန်မာစစ်တပ်ကနေ မြုပ်နှံထားသူအများဆုံးအဖွဲ့အစည်းဖြစ်ပြီး ရာထူးကြီးကြီးနေရာတွေတောင် ယူထားတာလို့ ပလောင်ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားတယ်ဆိုပြီးတော့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါသေးတယ်။
ဒါ့အပြင် မန္တလေးကနေ သပိတ်ကျဉ်း၊ မိုးကုတ်အထိမှာ စစ်တပ်သတင်းပေးတွေရှိနေတယ်လို့ အဲဒီဒေသတွေထိ သွားရောက်သတင်းယူခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ပလောင် ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားတယ်လို့လည်း (FNG)သတင်းကဆက်လက်ဖေါ်ပြပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ PDF တွေကို မိုးကုတ်မြို့ထဲကနေ နှင်ထုတ်လိုက်ကာ မြောက်ဘက်ဆိုရင် ရေပူ ကုလားကုန်း နဲ့ ကျီးမနိုး ကို မကျော်ရ၊ မိုးမိတ်လမ်းဘက်ဆိုရင် ပိန်းပစ် လမ်းဘက် ကို မကျော်ရ၊ တောင်ဘက်ဆိုရင် ကျောက်မဲ- မိုးကုတ်လမ်းပေါ်တက်တာ မလုပ်ရ ဘဲ တောထဲနဲ့ ဖက်ယား ၊ ကျောက်ခမ်းဘက်မှာပဲ သူတို့အပြီးသတ် ဆုတ်ခွာသွားတဲ့အထိ နေရမယ်လို့ အမိန့်ထုတ်ပြန်ရုံတင်မက မိုးမိတ် လမ်းဘက်မှာဆိုရင် ထုံးတွေနဲ့ စည်းတားလိုက်ပြီး အဲဒီစည်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၆ နာရီထိုးတဲ့အထိ မကျော်ရဘူး၊ ကျော်ရင် မင်းတို့ကို မိတ်ဆွေလို့ သတ်မှတ်လို့ မရတော့ဘူးလို့ တအောင်းတပ်က ပြောဆိုကြောသ်းလည်း အမည်မဖော်လိုတဲ့ မိုးကုတ် ဗျူဟာ အဖွဲ့ဝင် တစ်ဦးက Freedom News Group ကို ပြောတယ်လို့ဆိုပါတယ်။
❝နှစ်ဆန်းတစ်ရက်နေ့ မနက်အထိ မကျော်ရဘူး ပြောတယ်၊ ကျော်ရင် မိတ်ဆွေမဟုတ်တော့ဘူးတဲ့။ ဘာဆက်လုပ်မယ်ဆိုတာတော့ မပြောဘူး❞ ဆိုပြီး အဲဒီ အမည်မဖော်လိုတဲ့ မိုးကုတ် ဗျူဟာ အဖွဲ့ဝင် တစ်ဦးက ပြောဆိုထားပါ။
တစ်နှစ်ကျော်ကြာ မန္တလေးတိုင်း မိုးကုတ်မြို့ကို ပလောင်တပ်တွေက သိမ်းပိုက်ထားရာမှာ ပတ္တမြား စတဲ့ တွင်းထွက် ကျောက်မျက်ရတနာ တွေ၊ အခြား ဆက်ကြေးတွေကနေ ပလောင်တပ်တွေဟာ အမေရိကန် ဒေါ်လာ သန်း ၉၀ ကျော်ခန့် ရရှိခဲ့သလို မန္တ့လေး PDF နဲ့ မိုးကုတ်ဗျူဟာ တို့က ဒေါ်လာ ဆယ်သန်းကျော်ခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုနောက်ပိုင်း တပ်မတော်ရဲ့ထိုးစစ်တွေနဲ့ နယ်မြေစိုးမိုးရေးစစ်ပွဲတွေပြန်လည်ပြင်းထန်လာချိန်မှာတော့ PDF အုပ်စုတွေနဲ့ မဟာမိတ်အဖြစ်ရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက PDF တွေကို သူတို့နယ်မြေတွေကနေ မောင်းထုတ်တာတွေလုပ်လာသလို အချို့သော PDF အုပ်စုတွေက တိုင်းရင်းသားလက်နက်ကိုတွေဘက်ကို အပြီးဝင်ရောက်သွားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒီလို ၎င်းတို့အုပ်စုအတွင်းကလာတဲ့ သတင်းတွေအရဆိုရင် PDF တွေဟာ လက်နက်ကိုင် EAO တွေရဲ့ အသုံးချခံဘဝကနေ မကြာခင်မှာ အပြီတောင် မောင်းထုတ်ပြီး အမြစ်ဖြတ်တာကို ခံရနိုင်သလို သူတို့ (EAO) တွေဘက်ထဲ ကူးပြောင်းသွားတဲ့ PDF တွေကိုရော EAO တွေအနေနဲ့ ဘယ်လောက်အထိ ယုံကြည်မှုရှိနိုင်မလဲဆိုတာကလည်း စဥ်းစားဖို့ကောင်းတဲ့အချက်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
#mhtnews