Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ချောင်းဦးမြို့နယ်၌ ခရီးသည်တင်ကားတစ်စီးနှင့်အတူ ခရီးသည်များကို PDF အကြမ်းဖက်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားဟုဆို❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟐𝟏》


စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်တစ်စီးနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည်များကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။


ဖြစ်စဥ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အဝေးပြေးကားကြီးဝင်းမှ ယာဉ်မောင်း ဦးညီညီထွေး (၅၅)နှစ်မောင်းနှင်ပြီး ယာဉ်အကူ ဦးစိုးဝင်းအောင်(၃၀)နှစ်လိုက်ပါလာသည့် ခရီးသည်တင်မော်တော် ယာဉ်သည် ခရီးသည် ၂၂ ဦးအား တင်ဆောင်ကာ မုံရွာ-ချောင်းဦး-မန္တလေးလမ်းအတိုင်း မုံရွာမြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်ထွက်ခွာလာခဲ့သည်။


ထိုသို့ထွက်ခွာလာစဥ် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် မြင်းမူ မြို့နယ်၊ ဂွေးပင်တောကျေးရွာအကြား ဒေသအခေါ် ရေပိုးစားဘုန်းကြီးကျောင်းအနီးအရောက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်ကို တားဆီးကာ ယာဉ်မောင်းနှင့် ခရီးသည်များကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှု များအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Report Page