Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မွန်ပြည်နယ်က အမျိုးသားတစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းပါစာရွက် ဆုတ်ဖြဲခဲ့တဲ့အတွက် ထောင်ဒဏ် ၁၇ နှစ်ချမှတ်❞


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙉𝙊𝙑~𝟐𝟏》


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းပါစာရွက် ဆုတ်ဖြဲခဲ့တဲ့တဲ့အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ ထောင်ဒဏ် ၁၇ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


အဲဒီအမျိုးသားက ဦးကျော်မြင့်ဆိုသူဖြစ်တယ်လို့ သိရပြီး သူဟာ နိုဝင်ဘာ ၄ ရက်နေ့က ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံမှာကပ်ထားတဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲခဲ့တာလို့ ဆိုပါတယ်။ 


အဲဒီအတွက်ကြောင့် သူ့ကို နိုဝင်ဘာ ၅ ရက်​နေ့မှာ ဖမ်းဆီးခဲ့​ပြီး ​ ချောင်းဆုံမြို့မရဲစခန်းမှ (ပ) ၁၂၆/၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) အရ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်​​တယ်လို့ သိရပါတယ်။


၎င်းနောက် နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ တရားခံ ဦးကျော်မြင့် ဆိုသူကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ၊ ဝတ္တရားနှောက်ယှက်မှုအပါအဝင် အမှုသုံးမှုနဲ့ မော်လမြိုင်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Report Page