Myanmar Hard Talk
MHTNEWSမြန်မာပြည်တွင်းစစ် ချက်ချင်းရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဆွေးနွေးကြဖို့ အာဆီယံအစည်းအဝေးက ကြေညာချက်ထုတ်
𝙈𝙃𝙏𝙉𝙀𝙒𝙎 (14~Oct)
လက်ရှိဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစစ်ကို ချက်ချင်းရပ်တန့်ကြဖို့နဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဆွေးနွေးကြဖို့ အာဆီယံအစည်းအဝေးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားတို့က သံတမန်တွေ ပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အစည်းအဝေးကို လာအိုနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးပြီးဆုံးစဉ်မှာ အစည်းအဝေးရဲ့ သဘောထားကို အာဆီယံ ဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
မြန်မာပြည်တွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ရေးအပါအဝင် တောင်တရုတ်ပင်လယ်အတွက် နိုင်ငံတကာဥပဒေအပေါ် အခြေခံတဲ့ ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်ကို အမြန်လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေက ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံကျော်ဖြစ်တဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေသေးနေသေးတယ်လို့ အာဆီယံက ခန့်မှန်းထားတာဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းစစ် ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ တောင်းဆိုချက်တွေ အပါအဝင် မြန်မာရဲ့ စစ်ပွဲတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေး အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲအတွအတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ကိုလည်း အာဆီယံက တောင်းဆိုခဲ့ပါတယ်။
အခြားအာဆီယံအဖွဲ့ဝင်တွေ ပါဝင်လာနိုင်တဲ့မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲတွေကို ယခုနှစ်မကုန်ခင် လက်ခံကျင်းပဖို့ ထိုင်းနိုင်ငံရဲ့ အစပြုမှုဆွေးနွေးမှုကိုလည်း အာဆီယံက ကြိုဆိုတယ်လို့လည်း သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎