Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

PRF Website မှတစ်ဆင့် အကြမ်းဖက်အုပ်စုကို ငွေကြေးထောက်ပံ့ပေးပို့သူ ၂၁ ဦး ဖမ်းဆီးရမိ

 

𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟐𝟗》


အကြမ်းဖက် CRPH ၊ NUG အဖွဲ့များအတွက် ငွေကြေးကောက်ခံပေးနေသည့် People's Revolution Supply Family-PRF Website (https:// form.prfhq. modnug. org) မှတစ်ဆင့် ငွေကြေးထောက်ပံ့ပေးပို့သူ ၂၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်အရ သိရသည်။


ဖမ်းမိသူ တရားခံများမှာ မိုးညှင်းမြို့နေထက်သူအောင် ၊ လားရှိုးမြို့နေ မေရီဆန်စင် ၊ ရွှေညောင်မြို့နေ မျိုးမြမြတ်ထွန်းကြည် ၊ ပုသိမ်ကြီးမြို့နယ်နေ လှိုင်ဖုန်း ၊ ပြင်ဦးလွင်မြို့နေ စန်းယုအောင် ၊ ပျဉ်းမနားမြို့နယ်နေ သဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်နေ သီဟ၊ လှည်းကူးမြို့နေ ဇော်ကိုလတ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ရန်နိုင်အောင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ မျိုးဇော် ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်ဟိန်း ၊ မင်္ဂလာဒုံမြို့နယ်နေ ငြိမ်းဝင်းအောင်နှင့် ကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ မြသီတာ ၊ ကြည့်မြင်တိုင်မြို့နယ်နေသက်နိုင်ထူး ၊ ဆိပ်ကြီးခနောင်တို တိုက်နယ်နေ ညွန့်ရီ ၊ ပုသိမ်မြို့နေ ကြူကြူဝင်း၊ ဒေးဒရဲမြို့နေ သိန်းဇင်ထိုက်နှင့် ကြည်ကြည်စန်း၊ မအူပင်မြို့နေ အောင်ဇော်ထွေး၊ ကျောင်းကုန်းမြို့နေ အေးအေးသင်း ဆိုသူတို့ ဖြစ်ကြသည်ဟုဆိုသည်။


အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ PRF Website သို့ WavePay ဖြင့် ငွေကြေးထောက်ပံ့သူ ၇၀၀ ဦးခန့်၊ တရားမဝင် NUG Pay ဖြင့် ငွေကြေးထောက်ပံ့သူ ၁,၀၀၀ ဦးခန့်၊ တရားမဝင် SDB ဘဏ်ဖြင့် ငွေကြေးထောက်ပံ့သူ ၁,၀၀၀ ဦးခန့်၊ စုစုပေါင်း ၂,၇၀၀ ကျော်၏အချက်အလက်များအား ဖော်ထုတ်ရရှိခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာမှ ယခုလို ဖော်ထုတ်ဖမ်းမိခဲ့ခြင်းဖြစ်သည်။


အဆိုပါ NUG အကြမ်းဖက်အဖွဲ့၏ တရားမဝင် PRF Website (https:// form.prfhq. modnug. org) သို့ ငွေကြေးထောက်ပံ့မှုပြုလုပ်သူ ဖမ်းဆီးရမိတရားခံများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး PRF Website နှင့်ဆက်စပ်ပြီး ကျန်ရှိသည့် တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖော်ထုတ်ဖမ်းဆီးရရှိသည့် WavePay အကောင့်များအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီပိတ်သိမ်း၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

Report Page