Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

ကမ္မ-မြိုင်သွားကားလမ်းမပေါ်၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ အလုံး ၈ဝ ကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့


 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏𝟔》


မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွားကားလမ်း တစ်လျှောက်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ကတ္တရာလမ်းကိုကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ ထောင်ထားသော လက်လုပ်မိုင်းမျိုးစုံ အလုံး ၈ဝ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၅ ရက်တွင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဆိုပါ ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နယ်၊ မန်ကျည်းတန်းကျေးရွာအနီး ကားလမ်းဘေးဝဲ/ယာဘက်များ၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၁၇ လုံး၊ ပလပ်စတစ်ပုံးအဝါဖြင့် ပြုလုပ်ထားသည့် ကားမိုင်း ၁၃ လုံးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 


အလားတူ လက်လုပ်တိုက်မိုင်း ၈ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၄၂ လုံးတို့ကိုပါ တွေ့ရှိခဲ့သဖြင့် အဆိုပါ စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံးတို့ကို ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ စနစ်တကျဖယ်ရှား ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Report Page