Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

နိုင်ငံသားပိုင် ကမ်းဝေး/ကမ်းနီးငါးဖမ်းရေယာဉ်များ ရာသီဥတုဆိုးရွားချိန်များတွင် ခိုလှုံနိုင်ရန်အတွက် တည်နေရာ (၁၅) ခု သတ်မှတ်ပေးထား


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏𝟐》


မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်း ရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီ ဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် တည်နေရာ (၁၅) ခုကို သတ်မှတ်ပေးထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။


အဆိုပါတည်နေရာမှာမှာ-


(က) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းဂံ ချောင်းအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၈ မိနစ်၊


(ခ) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဖရုံဂါကျွန်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ဝ၀ မိနစ်၊


(ဂ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်၊


(ဃ) ရခိုင်ပြည်နယ်၊ သံတွဲမြို့ နယ်၊ ဆင်ခေါင်း ဆိပ်ကမ်း မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊


(င) ရခိုင်ပြည်နယ်၊ သံတွဲမြို့ နယ်၊ သဗြုချိုင် (ANDREW BAY) ၁၈ ဒီဂရီ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊


(စ) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊


(ဆ) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တင်းတော ကျေးရွာအုပ်စု၊ အမော်ချိုင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ်၊


(ဇ) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်၊ ဟိုင်းကြီးကျွန်း (HAINGYI ISLAND) မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊


(ဈ) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝကျေးရွာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်၊


(ည) ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး မြို့နယ်၊ ကဒုံကနိကျေးရွာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်၊


(ဋ) မွန်ပြည်နယ်၊ ရေးမြို့ နယ်၊ ဝါးကျွန်း မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၁.၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၄ မိနစ်၊


(ဌ) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံ မြို့နယ်၊ မောင်းမကန်ဘုတ်ကျွန်း (MIDDLE MOSCOS) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၈ မိနစ်၊


(ဍ) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံ မြို့နယ်၊ လောင်းလုံဘုတ်ကျွန်း (SOUTH MOSCOS) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ်၊


(ဎ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တနင်္သာရီကျွန်း (TANINTHARYI ISLAND) မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၃၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ်နှင့်


(ဏ) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစု မြို့နယ်၊ ပြင်စဘုကျွန်း (PYIN SA BU ISLAND) အရှေ့ဘက်ရေပြင် မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၀၅ မိနစ် တို့ဖြစ်ကြသည်။


နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအား ယခုလို ရာသီဥတုခိုလှုံ ခွင့်ပြုရာနေရာ သတ်မှတ်ပေးထားခြင်းမှာ မုတ်သုံရာသီ ရာသီဥတုဆိုးရွားချိန်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများ အန္တရာယ်ကင်းရှင်းလုံခြုံစွာ ကျွန်းခိုရပ်နားနိုင်ရန်အတွက် သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ရာသီဥတုခိုလှုံသည်ကို အကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးနေသည်ကို စစ်ဆေးတွေ့ရှိရပါက ထိရောက်စွာ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်းကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။

Report Page