Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

ငါးလုံးတင်ကျေးရွာကို စစ်စခန်းအဖြစ်အသုံးချပြီး အခြေပြုနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို တပ်မတော်က အပြီးတိုင်မောင်းထုတ်


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏𝟎》


မုံရွာ - စစ်ကိုင်းနှင့် ချောင်းဦး-ရေစကြို ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် ငါးလုံးတင်ကျေးရွာကို စစ်စခန်းအဖြစ်အသုံးချကာ အခြေပြုနေသော PDF အမည်ခံ အကြမ်းဖက်သမားများကို တပ်မတော်စစ်ကြောင်းများက ဇွန်လ ၉ ရက်တွင် အပြီးတိုင်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။


တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ငါးလုံးတင်ကျေးရွာတွင်ဝင်ရောက်ကာ စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချနေထိုင်လျက်ရှိသော PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် တိုက်ခိုက်ချေမှုန်းရန်အတွက် ချောင်းဦးမြို့၌ လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲကာ ဇွန်လ ၅ ရက်မှစတင်၍ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်သည်။


ထို့နောက် ဇွန်လ ၆ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မှန်ချိုကျေးရွာကိုလည်းကောင်း၊ ဇွန်လ ၈ ရက်နေ့တွင် ဂူကြီးဘုန်းကြီးကျောင်းနှင့် ဆင်မြေကျေးရွာတို့ကိုလည်းကောင်း၊ ဇွန်လ ၉ ရက် နေ့လယ်ပိုင်းတွင် ငါးလုံးတင်ကျေးရွာနှင့် ဝန်းကျင်တစ်ဝိုက်ကိုလည်းကောင်း အသီးသီး ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။


ယင်းဖြစ်စဥ်များအတွင်း PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ အကျအဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ကြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၂ လောင်း၊ လက်နက်မျိုးစုံ ၄ လက်၊ လက်လုပ် Fixed Wing ၁ စင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။


ယခုအခါ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Report Page