Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

မော်လမြိုင်- ရန်ကုန် ရထားလမ်းပိုင်းမှာ DEMU မြန်နှုန်းမြင့်ရထား နေ့ချင်းပြန် ပြေးဆွဲမည်


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏》


မော်လမြိုင်- ရန်ကုန် ရထားလမ်းပိုင်းမှာ ရထားတွဲ ၆ တွဲ၌ ထိုင်ခုံ ၂၆၄ ခုံပါဝင်သည့် DEMU မြန်နှုန်းမြင့်ရထားဖြင့် လာမည့် ဇူလိုင်လဆန်းပိုင်းတွင် နေ့ချင်းပြန်ခရီးစဥ်အဖြစ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။


အဆိုပါ ခရီးစဥ်အဖြစ် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာလာသော DEMU မြန်နှုန်းမြင့်ရထားအနေဖြင့် မော်လမြိုင်ဘူတာတွင် တစ်နာရီ၊ တနာရီခွဲခန့် ရပ်နားပြီးနောက် ရန်ကုန်သို့ပြန်လည်ထွက်ခွာရန် စီစဥ်ထားသည်ဟု သိရပြီး ခရီးစဥ်အတွင်း ပေါင် ၊ သထုံ ၊ ကျိုက်ထို ၊ သိမ်ဇရပ် ၊‌ ဝေါ နှင့် ပဲခူးဘူတာတို့တွင် ရပ်တန့်ပေးသွားရန်လည်း စီစဥ်ထားသည်ဟုဆိုသည်။


ထိုသို့ မော်လမြိုင်- ရန်ကုန် DEMU မြန်နှုန်းမြင့်ရထားပြေးဆွဲရန် မွန်ပြည်နယ် လျှပ်စစ်/စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးမှ နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ခဲ့စဉ်က ပြည်ထောင်စုဝန်ကြီးထံတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု မော်လမြိုင်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


လက်ရှိတွင် အဆိုပါ အမြန်ရထားပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းပိုင်းများပြုပြင်းခြင်း၊ တွဲနှင့်မလွတ်သည့် ဘူတာအမိုးများ ၊တံတားအမိုးများ ပြန်လည်ပြုပြင်လျှက်ရှိရာ ယင်းလုပ်ငန်းစဥ်များကို တစ်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကာ ယခုအခါ လုပ်ငန်းအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

Report Page