Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆောင်ရွက်ရန် မြန်မာ ကာကွယ်ရေးဝန်ကြီး ဘယ်လာရုစ်နိုင်ငံသို့သွားရောက်

 

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေး


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙅𝙐𝙉~𝟏》


မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆောင်ရွက်ရန် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာ ဂနေဒီယာဗိချ် ခရမ်နင် (Lt General Viktar Ganediavich Khrenin) ၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့သို့ မေ ၂၅ ရက်မှ ၃၀ ရက်အထိ သွားရောက်ခဲ့ကြောင်း သိရသည်။

 

ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗစ်တာခရမ်နင်က အရာရှိများဗဟိုရိပ်သာ (Central House of Officers of the Armed Forces of the Republic of Belarus) ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများတွေ့ဆုံ၍ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသညိဟုဆိုသည်။

 

ထို့နောက် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများသည် Victory Square Obelisk Monument သို့ သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချ အလေးပြုကြပြီး ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။


ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံရှိ စစ်ဘက်နည်းပညာဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများနှင့် အထည်အလိပ်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ယင်းနောက် ဘယ်လာရုစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း အာဏာပိုင်အဖွဲ့ရုံး၌ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဒီမိထရီပန်တုစ် (Mr. Dimitry Pantus) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သလို မြန်မာသံရုံး (မင့်စ်မြို့) သို့သွားရောက်၍လည်း သံရုံးဝန်ထမ်းမိသားစုဝင်များနှင့် သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Report Page