Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေး အမှတ်တရလက်ဆောင်အဖြစ် ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်သို့ လွယ်ကူစွာ ဝင်ရောက်ကြည့်ရှုနိုင်မည့် QR ကုတ်ပါ သော့ချိတ်များကို နိုင်ငံတကာခရီးသွားဧည့်သည်များအား ပေးအပ်


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟑𝟏》


“မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပွဲအစီအစဉ်”အဖြစ် ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်သို့ လွယ်ကူစွာ ဝင်ရောက်ကြည့်ရှုနိုင်မည့် QR ကုတ်ပါ သော့ချိတ်များကို မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းလိုင်းများဖြင့် ဝင်ရောက်လာကြသည့် နိုင်ငံတကာခရီးသွားဧည့်သည်များအား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။


ယင်းအစီးအစဥ်ကို မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်စေရန်နှင့် ၂၄ နာရီပတ်လုံး အချိန်နှင့်တပြေးညီ စုံစမ်းမေးမြန်းနိုင်ရန်၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံသည် ဘေးကင်းလုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်သော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း နိုင်ငံတကာခရီးသွားများအကြား ပိုမိုသိရှိပြီး ယုံကြည်မှုတိုးတက် လာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးကောင်တာအနီး၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ယခုကဲ့သို့ ခရီးသွားမြှင့်တင်ရေး အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် သော့ချိတ်များ ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည့်အပြင် နိုင်ငံတကာခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက် အလက်များကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။


အလားတူ မြန်မာနိုင်ငံသည် ဘေးကင်းလုံခြုံစွာ သွားလာလည်ပတ်နိုင်သော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း နိုင်ငံတကာခရီးသွားများအကြား ပိုမိုသိရှိပြီး ယုံကြည်မှုတိုးတက်လာစေမည်ဖြစ်သဖြင့် အဆိုပါသော့ချိတ်များကို ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွားများအား ပေးအပ်ခြင်းဖြစ်သည်။


ခရီးသွားဧည့်သည်များအနေဖြင့် သော့ချိတ်၌ ထည့်သွင်းထားသည့် QR Code မှတစ်ဆင့် ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်သို့ လွယ်ကူစွာ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ၂၄ နာရီပတ်လုံး အချိန်နှင့်တပြေးညီ စုံစမ်းမေးမြန်းနိုင်ရေး အတွက် ဝန်ကြီးဌာန၏ Call Center အထူးချိတ်ဆက်နံပါတ် “1551” နှင့် မိုဘိုင်းတယ်လီ ဖုန်းနံပါတ် “09-881-881-222” တို့ကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြထားသည်ဟုဆိုသည်။


ယမေ့ပြုလုပ်သော အစီအစဥ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်လာသည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအား အနုပညာအထက်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာအိုးစည်ဒိုးပတ်များဖြင့် စည်ကားသိုက်မြိုက်စွာ တီးခတ်ဖျော်ဖြေ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

Report Page