Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

အကြမ်းဖက်သမားများ လက်ချက်ကြောင့် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့မှာ (၅) နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာ


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟗》


မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တို့မှာ အကြမ်းဖက်သမားများ လက်ချက်ကြောင့် အသက် (၅) နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်များ မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်များမှာ မေလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါရပ်ကွက်ရှိမြို့နယ်သမဝါယမရုံးဝင်းအတွင်း လက်လုပ်စိန်ပြောင်းဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သမဝါယမရုံးဝင်း၌ နေထိုင်သူများဖြစ်ကြသည့် ဦးမောင်နိုင်(၅၀)နှစ်နှင့် မောင်အောင်ကောင်းမြတ် (၅)နှစ်တို့တွင် ဒဏ်ရာများရရှိခဲ့၍ ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရသည်ဟုဆိုသည်။


အလားတူ မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရေအိုးစင်ကျေးရွာနေ ဒေါ်မိုးဝေ(၄၆)နှစ်သည် ၎င်း၏နေအိမ်မှ ရေအိုးစဉ်ကျေးရွာ၏အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ဥယျာဉ်ခြံသို့ သွားရောက်စဉ် အဆိုပါ ဥယျာဉ်ခြံအနီးအရောက် KNU/ PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရှိခဲ့၍ တောင်ငူခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။


ထို့ပြင် ယင်းနေ့ ည ၈ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိမန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ည ၆ နာရီခွဲတွင် စဉ့်ကူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးအောင်ဆန်းခိုင်(၅၀)နှစ်သည် ၎င်းနေအိမ်ရှိဝယ်ယူထားသည့် ပစ္စည်းအဟောင်းများကို ရှင်းလင်းနေစဉ် အဆိုပါပစ္စည်းများအတွင်း ရောနှောပါလာသော လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Report Page