Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှာ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးနှင့် ကျောင်းဆရာမများအပါအဝင် အရပ်သား (၇) ဦး PDF ဖမ်းဆီးခြင်းခံရ


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟖》


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တို့မှာ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးနှင့် ကျောင်းဆရာမများအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၇) ဦး PDF ဖမ်းဆီးခြင်းခံလိုက်ရသည်ဟု ရဲတပ်ဖွဲ့သတင်းမှတ်တမ်းအရ သိရသည်။


ဖြစ်စဥ်များမှာ မေလ ၂၆ ရက်နေ့ ည ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သာယာကုန်းကျေးရွာနေ သာရဘွင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးစံပါယ်(၄၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။


အလားတူ ယင်းနေ့ ည ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာနေသူများဖြစ်သည့် ငါးလုံးတင်ကျေးရွာ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဦးကျော်ကျော်နိုင် (၅၉)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မြို့မရပ်ကွက် ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဒေါ်သီတာမြင့်(၄၂)နှစ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ငါးလုံးတင်)မှ မူလတန်းပြဆရာမ ဒေါ်တင်တင်နွဲ့ (၄၇)နှစ်၊ အခြေခံပညာမူလတန်းကျောင်း(ဆင်မြေ)မှ မူလတန်းပြဆရာမ ဒေါ်မျိုးသန္တာထွန်း(၃၀)နှစ်၊ ဦးကျော်ဆန်း(၆၃)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။


ထို့ပြင် မေလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်ကလည်း ချောင်းဦးမြို့နယ်၊ ချောင်းဦးမြောက်ရပ်ကွက်နေ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း(ချောင်းဦးမြောက်)မှ မူလတန်းပြဆရာမ ဒေါ်ခင်စန်းဌေး(၅၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


ယင်းဖြစ်စဥ်များနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူများကို ပြန်လည်ကယ်တင်နိုင်ရေးနှင့် အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းရှာဖွေမှုများ ပြုလုပ်လျှက်ရှိသည်ဟုလည်း သိရသည်။

Report Page