Myanmar Hard Talk
MHTNEWSအသက် (၁၀) နှစ်အရွယ် အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့သူကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟖》
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့တွင်နေထိုင်သည့် အသက် (၁၀) နှစ်အရွယ် အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးပြီး gmail တွင် သိမ်းဆည်းခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသူမှာ လယ်ဝေးမြို့၊ အမှတ် (၅) ရပ်ကွက်တွင်နေထိုင်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးငယ်နှင့် အိမ်ချင်းကပ်လျှက်ရှိ ရွှေနဒီရွှေနှင့် စာရေးကိရိယာအရောင်းဆိုင်မှ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ပန်းတိမ်ဆရာ ဦးဝင်းလွင်ဦး (ခ) ကိုလေး၊ (၆၁) နှစ်၊ (ဘ) ဦးမြကျော်ဖြစ်သည်ဟုဆိုသည်။
အဆိုပါ တရားခံ ဦးဝင်းလွင်ဦး (ခ) ကိုလေးသည် ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် မှန်ကောင်တာနောက်ရှိ ထိုင်ခုံပေါ်တွင်ထိုင်၍ အမျိုးသမီးငယ်ကို ပေါင်ပေါ်တွင်ထိုင်စေကာ ဖုန်းတစ်လုံးဖြင့် ဂိမ်းဆော့ခိုင်းထားပြီး ၎င်းက ပွေ့ဖက်ခြင်း၊ လိင်အင်္ဂါကို ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
နောက်တစ်နေ့တွင်လည်း ဆိုင်ပိုင်ရှင်များမရှိသည့် အချိန်တွင် အိမ်အပေါ်ထပ်ရှိ ဘုရားခန်းသို့ ခေါ်ဆောင်၍ ၎င်း၏ဘောင်းဘီကိုချွတ်ပြီး မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့ကြောင်း၊ အဆိုပါဗီဒီယိုများကို Kolay 147147@gmail.com Google Drive တွင် သိမ်းဆည်းထားရှိခဲ့ကြောင်း စိစစ်သိရှိရသည်။
သို့ဖြစ်သဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (နေပြည်တော်) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လယ်ဝေးမြို့မရဲစခန်း(ပ)၅၂/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မေ ၂၅ ရက်တွင် လယ်ဝေးခရိုင်တရားရုံးမှ တရားခံ ဦးဝင်းလွင်ဦး (ခ) ကိုလေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။