Myanmar Hard Talk
MHTNEWSMSME များ တရားဝင်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက် Single Window စနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟖》
နိုင်ငံတစ်ဝန်းရှိ MSME များ တရားဝင်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက် Single Window စနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မေလ ၂၇ ရက် နံနက်ပိုင်းက ရုံးအမှတ် (၃၀) ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး MSME လုပ်ငန်းရှင်များအနေဖြင့် မိုဘိုင်းအက်ပ်များမှတစ်ဆင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
အလားတူ e-Learning Platform များ တည်ထောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လာမည့် ဇွန် ၂၇ ရက်တွင် ကျရောက်မည့်နိုင်ငံတကာအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့တွင် သုတေသနစာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ အတွေ့အကြုံများ မျှဝေခြင်းကဏ္ဍများပါဝင်သည့် အစီအစဉ်ရေးဆွဲနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက်ပါ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထို့ပြင် ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် MSME များတွင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိမြင်ပြီး MSME ကဏ္ဍတွင် ပါဝင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။