Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ဥပဒေအရာရှိများ ကိုယ်ကျင့်သိက္ခာနှင့်လျော်ညီစွာ နေထိုင်ရေး ရှေ့ပြေးဥပဒေရုံးများဖွင့်လှစ်ခြင်းဖြစ်ဟုဆို❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟒》


ဥပဒေအရာရှိများ ကိုယ်ကျင့်သိက္ခာနှင့်လျော်ညီစွာ နေထိုင်ရေး၊ ဥပဒေပညာရပ်များ ကျွမ်းကျင်တိုးတက်စေရေးအပြင် ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ မှတ်ပုံတင်ရေးသွင်းခြင်း၊ အစီရင်ခံစာပေးပို့ခြင်းတို့ကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန် ရှေ့ပြေးဥပဒေရုံးများဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောကြားသည်။


မေလ ၂၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စံနမူနာပြ ရှေ့ပြေးဥပဒေရုံးများအဖြစ် ဆောင်ရွက်နေသည့် သင်္ဃန်းကျွန်းခရိုင်၊ သာကေတမြို့နယ်၊ သန်လျင်ခရိုင်၊ အလုံခရိုင်၊ အလုံမြို့နယ်၊ စမ်းချောင်း မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ရှိ ရှေ့ပြေးဥပဒေရုံးများနှင့် သန်လျင်မြို့နယ်ရှိ ဥပဒေရုံးသစ်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။


အလားတူ အမှုလိုက်ဥပဒေအရာရှိနှင့် တာဝန်ခံဥပဒေအရာရှိများကြား နည်းပညာအသုံးပြုခြင်းဖြင့် မြန်ဆန်စွာဆောင်ရွက်နိုင်ရန်နှင့် ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်း (Pre – Trial Interview, PTI) များကို ဆောင်ရွက်နိုင်ရန် စံနမူနာပြုစမ်းသပ်ခြင်းဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

Report Page