Myanmar Hard Talk
MHTNEWS❝ဓာတ်အားပိတ်၍ ဓာတ်အားလိုင်းချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သဖြင့် အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့တို့တွင် ဓာတ်အားပြတ်တောက်မည်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟑》
ကညင် (၁၀ ဒသမ ၅) မဂ္ဂါဝပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထုတ်လုပ်မည့် ဓာတ်အားကို ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် ထူးကြီးမြို့တွင် တည်ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းများကို ယနေ့ မေလ ၂၃ ရက်နှင့် မနက်ဖြန် ၂၄ ရက်တို့တွင် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကညင် (၁၀ ဒသမ ၅) မဂ္ဂါဝပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့ ဧရိယာများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းရှိ ကညင်ဆည်တွင် Kanyin Hydro Power Co.,Ltd က အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုသို့ ဓာတ်အားလိုင်းဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှတစ်ဆင့် သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့် ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့တို့တွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။