Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ပျဉ်းမနားမြို့နယ်ရှိ “PNPT ကလေးအားကစားကွင်း”အနီးတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု၌ ပြစ်မှုကျူးလွန်ခဲ့သူများကို သေဒဏ်အမိန့်ချ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟑》


ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းအုပ်စု သဲကျွန်းကျေးရွာရှိ “PNPT ကလေးအားကစားကွင်း” အနီးတွင် ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဥ်၌ ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံ ၂ ဦးကို တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


ဖြစ်စဥ်အတွင်း သတ်ဖြတ်ခံရသူမှာ ကျော်ဇင်မိုး ဆိုသူဖြစ်ပြီး ဦးခေါင်းနှင့် မျက်နှာပေါ်တွင် သွေးများထွက်၍ သေဆုံးနေသည့် ၎င်း၏ရုပ်အလောင်းကို အဆိုပါအားကစားကွင်း၏ အနောက်ဘက် ပေ ၃၀၀ ခန့်အကွာအဝေးရှိ ယာခင်းလူသွားလမ်းပေါ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။


ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံများဖြစ်သော ကျော်ဇင်ထက် (ခ) ဗျော့ကြီးနှင့် ဝေဠုကျော် (ခ) ဝေကြီးတို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် တရားစွဲတင်ပို့ခဲ့ပြီး ပျဉ်းမနားခရိုင်တရားရုံး၏ ရာဇဝတ်ကြီးမှုအမှတ် ၁၇/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၎င်းတရားခံနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) (ဂ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် ပျဉ်းမနားခရိုင်တရားရုံးက ၂ဝ၂၆ ခုနှစ်၊ မေ ၂၁ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Report Page