Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ကေတုမတီမြို့ဟောင်း၏ မော်ကွန်းတံခါးနေရာကို မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန် ပြည်ထောင်စုဝန်ကြီး မှာကြား❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟏》


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း၏ မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါးနေရာကို မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်ပြသရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မှာကြားခဲ့သည်ဟု သိရသည်။


ပြည်ထောင်စုဝန်ကြီးသည် မေလ ၂၀ ရက်၊ နံနက်ပိုင်းက အဆိုပါ မော်ကွန်းတံခါး တူးဖော်ထိန်းသိမ်းထားရှိမှုနှင့် မြို့ရိုးအနီး ကျုံးကူးတံတားတည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးစဥ် ယခုလို မှာကြားခဲ့ခြင်းဖြစ်သည်။


အလားတူ မူလတည်ဆောက်ခဲ့သော ကျုံးကူးတံတား၏ သစ်သားတိုင်များကို ရှာဖွေတွေ့ရှိခဲ့သော မူလနေရာတွင် ပြန်လည်တည်ဆောက်ရန် မှာကြားခဲ့သလို ထိုသို့တည်ဆောက်ရာတွင် သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်၍ မူလပုံသဏ္ဌာန်အတိုင်း တတ်နိုင်သရွေ့ ရှာဖွေပုံစံထုတ်ရန်နှင့် ကြံ့ခိုင်အောင်ဆောင်ရွက်ရန်လည်း မှာကြားသည်။


ထို့နောက် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ မြဝတီတံခါး သုတေသနပြုတူးဖော်နေမှု၊ ယိုးဒယားပေါက်၊ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော မြို့လေးခံတပ်၊ ပုတ်တလုတ်ကန်၊ မန္တလေးငလျင်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ပြည်ကျောင်းတိုက် နှစ်ထပ်အုတ်ကျောင်း၊ နန်းတော်ရာနေရာ သုတေသနပြုတူးဖော်နေမှု၊ ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးနေရာနှင့် သစ်ရင်းတံခါးတူးဖော်သုတေသနပြု ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Report Page