Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝မြန်မာနိုင်ငံ ဒုတိယသမ္မတ(၁) နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟐𝟎》

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia တို့ မေလ ၁၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ တွေ့ဆုံခဲ့သည်ဟု သိရသည်။

 

ထို့သို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် စီမံကိန်းများအပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။


အလားတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးကိစ္စများ၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်လတ်၊ ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Report Page