Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟗》


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၁၈ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့သည်ဟု သိရသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အောင်ပန်းမြို့ရှိနယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ တပ်မတော်ပါရဂူများ နှင့် ဆေးမှူးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့်အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ပြည့်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်သည်။


အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာနှင့်အဖွဲ့ဝင်များသည် အမျိူးသမီးနှင့် ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Report Page