Myanmar Hard Talk
MHTNEWS❝ပြည်သူ့စစ်မှုထမ်းများကို ရဲဘော် ရဲဘက်စိတ်ဓာတ်ဖြင့် လက်တွဲခေါ်ဆောင်ပေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟗》
ပြည်သူ့စစ်မှုထမ်းများအနေဖြင့် နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံ့သားကောင်းပီသစွာ နိုင်ငံတော်ကာကွယ် ရေးနှင့်လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ၎င်းတို့၏သဘောဆန္ဒ အလျောက် ဆက်လက်ဆန္ဒပြုကြသူများလည်း များစွာရှိသဖြင့် ၎င်းတို့ကို ရဲဘော် ရဲဘက်စိတ်ဓာတ်ဖြင့် လက်တွဲခေါ်ဆောင်ပေးရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြားသည်။
မေလ ၁၈ ရက် နံနက်ပိုင်းက ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး စွန့်လွှတ်စွန့်စားစိတ်ဖြင့် တာဝန်ထမ်းဆောင်နေကြသူများကို တစ်ဆင့်မြင့် ရာထူးများချီးမြှင့်ခြင်း၊ စွမ်းရည်သတ္တိဆိုင်ရာဆုတံဆိပ်များ ချီးမြှင့်ပေးလျက်ရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားသည်။
အလားတူ တပ်မတော်၏ အရန်အင်အားများဖြစ်သည့် စစ်မှုထမ်းဟောင်းများသည် နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်တွင် တပ်မတော်သားများနှင့်လက်တွဲကာ လုံခြုံရေးတာဝန်များကို တာဝန် သိသိဖြင့် ထမ်းဆောင်လျက်ရှိသဖြင့် ၎င်းတို့၏မိသားစုဝင်များ၏ နေထိုင် စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေရန် လိုကြောင်းဖြင့်ပြောကြားပြီး အရာရှိ၊ စစ်သည်၊ ရဲမေများ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တပ်နယ်မှူးက လည်း ကောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ က မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်နန်းသီတာဘက်စုံစိုက်ပျိုးရေးမွေးမြူရေးစခန်းများသို့သွားရောက် ကြည့်ရှုစစ်ဆေးရာ ဦးစွာ ရှင်းလင်းဆောင်တွင် တိုင်းမှူးက နန်းသီတာ စိုက်ပျိုးမွေးမြူ ရေးစခန်းဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးစခန်းအတွင်း စပါး၊ နေကြာ၊ တစ်သျှူးငှက်ပျော၊ DYL ဝက်၊ နို့စားနွား၊ အသားတိုးနွား၊ ဥစားကြက်၊ အသားတိုးကြက်၊ ဥစားဘဲ၊ငါးများနှင့် ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင် ရွက်ခြင်းသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေးကို ဖော်ဆောင် ပေးခြင်းဖြစ်သဖြင့် အမှန်တကယ်အောင်မြင်ဖြစ်ထွန်းအောင် အရှိန်အဟုန်ဖြင့်ဆောင် ရွက်သွားရန် လိုအပ်သည့် အခြေအနေများ၊ ပိုလျှံသော စားသောက်ကုန်ပစ္စည်းများကို ဒေသအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အမှန်တကယ် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန် လိုအပ် သည့်အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်ပါဝင် စားသူများနှင့် အမှန်တကယ်ကျွမ်းကျင်သူများကို တာဝန်ပေးပြီး ယခုထက်ပိုမို တိုးတက်အောင် မြင်အောင် စီမံဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများအား လမ်းညွှန်မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘက်စုံစိုက် ပျိုးမွေးမြူရေးစခန်းများအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။