Myanmar Hard Talk
MHTNEWS❝ရက်(၁၀၀)စီမံချက်အဖြစ် အာမခံအလုပ်သမားများကို အလုပ်ဌာနများအရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟖》
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အဖြစ် ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Unit)ဖြင့် အလုပ်ဌာနများအရောက် အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်- ၁ ရှိ စီဝိုင်တီချည်မျှင်စက်ရုံမှ အာမခံအလုပ်သမား ၇ဝ၆ ဦးနှင့် ဒုံးပျံဂျုံမှုန့်စက်ရုံမှ အာမခံအလုပ်သမား ၁၀၉ ဦးတို့ကို ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။
အဆိုပါဆောင်ရွက်နေမှုအခြေအနေများကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကိုယ်တိုင် ကြည့်ရှုအားပေးပြီး စက်ရုံအလုပ်သမားများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အလုပ်သမားရေးရာများ ဆွေးနွေးခဲ့သည်။
ထို့နောက် အမရပူရမြို့နယ်ရှိ ကျော်ညိုမြတ်ကုမ္ပဏီသို့ သွားရောက်၍ စက်ရုံလည်ပတ်မှုအခြေအနေများနှင့် မန္တလေးမြို့ရှိ အလုပ်သမားရေးရာ တိုင်းဒေသကြီးရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။