Myanmar Hard Talk

Myanmar Hard Talk

MHT NEWS

❝အာဆီယံ-နယူးဇီလန် ပူးတွဲပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေးသို့ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ပါဝင်တက်ရောက်❞


≋IAI workplan IV အကောင်အထည်ဖော်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့≋


𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟏𝟕〕

https://t.me/myanmarhardtalk


အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မေလ ၁၅ ရက်တွင် ပြုလုပ်သည့် (၁၂) ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ပူးတွဲပူးပေါင်းဆောင်ရွက်မှုကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ 


အစည်းအဝေးကို အာဆီယံ-နယူးဇီလန် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်ယူထားသည့် အာဆီယံဆိုင်ရာဘရူနိုင်း သံအမတ်ကြီး Latifah Zaini နှင့် အာဆီယံဆိုင်ရာ နယူးဇီလန်သံအမတ်ကြီး Stuart Calman တို့မှ ပူးတွဲအစည်းအဝေးဥက္ကဋ္ဌများ အဖြစ်ဆောင်ရွက်ခဲ့ကြသည်။


 အစည်းအဝေးသို့ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Dato’ Astanah Abdul Azia တို့ တက်ရောက်ခဲ့ကြပြီး၊ အာဆီယံဆိုင်ရာ တီမောလက်စ်တေ အဖွဲ့ရုံးလည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။


အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် IAI Task Force Chair အနေဖြင့် IAI workplan IV အကောင်အထည်ဖော်မှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။ 


ထို့ပြင် အာဆီယံ-နယူးဇီလန် လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) အရ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ခိုင်မာစေရေး၊ လုပ်ငန်းစီမံချက်အသစ် (၂၀၂၆-၂၀၃၀) ကိုချမှတ်သွားရေး၊ အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (AANZFTA) ကိစ္စ နှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် (RCEP) အရ နှစ်ဖက်ကုန်သွယ်‌ရေး နှင့် စီးပွားရေး ပိုမိုခိုင်မာ အားကောင်းစေရေး ကိစ္စတို့အပြင် အာဆီယံနှင့် နယူးဇီလန်အကြား လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နှစ်ဖက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Report Page