Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝အကြမ်းဖက်သမားများ လက်ချက်ကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟕》


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တို့မှာ NUG သြဇာခံ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်များမှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာနေ ဒေါ်အိအိမူ(၄၀)နှစ်သည် မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ၎င်း၏ နေအိမ်မှ ကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောတိုက်အတွင်း ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် အဆိုပါတောတိုက်အနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


အလားတူ ယင်းနေ့ နံနက် ၆ နာရီ ၂၅ မိနစ်တွင် မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာနေ ဒေါ်သန်းအေး(၆၂)နှစ်သည် ၎င်း၏ နေအိမ်မှ လက်ဝဲကြီးကျေးရွာသို့ သွားရောက်စဉ် အဆိုပါကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရသည်။


ထို့ပြင် မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းကျေးရွာနေ ဦးမောင်ဝင်း(ခ)ခင်မောင်ဝင်း (၅၄)နှစ်သည် ပတ်လည်ကြီးကျေးရွာ၏အနီးရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၃ ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


Report Page