Myanmar Hard Talk
MHTNEWS❝မင်းတုန်းမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့မှာ အကြမ်းဖက်များထောင်ထားသည့် မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟓》
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တို့မှာ အကြမ်းဖက် NUG သြဇာခံ PDF များထောင်ထားသည့် မိုင်းပေါက်ကွဲများကြောင့် အရပ်သား ၃ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်များမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နေသူများဖြစ်ကြသည့် ဦးစိုးမင်းအောင်(၃၇)နှစ်နှင့် ဦးရန်နောင်စိုး(၃၄)နှစ်တို့သည် မေလ ၁၄ ရက်၊ နံနက် ၁၁ နာရီအချိန်က မင်းတုန်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှ ထန်းပင်ကုန်း-မင်းတုန်းမြေသားလမ်းအတိုင်း မင်းတုန်းမြို့သို့ ဆီဘောက်ဆာယာဉ်ဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ကျွဲဘေးကျေးရွာနှင့် တမာကျေးရွာကြားအရောက် လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မင်းတုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရသည်။
အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်ကို စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီတွင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်း(အနောက်)ကျေးရွာနေ ဦးစောလွင်(၄၀)နှစ်သည် ကျေးရွာအနီးရှိ ၎င်းပိုင်ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထား သည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။