Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ဖောင်းပြင်မြို့နယ်နှင့် မြင်းခြံမြို့နယ်တို့မှာ အကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးထိမှန်မှုကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟏𝟏》  


PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တို့မှာ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများသည် မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ယင်းသို့ပစ်ခတ်မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် ကိုစိုင်းမင်းခန့် (၂၀)နှစ်၊ ဦးအောင်ရွှေ(၆၀)နှစ်၊ မောင်လှိုင်မင်းထွန်း(၁၈)နှစ်၊ ဒေါ်ချောစု(၅၁)နှစ်၊ ဒေါ်ဝိုင်းစိန်(၃၁)နှစ် နှင့် ဒေါ်အိအိဖြိုး(၃၂)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ဖောင်းပြင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


အလားတူ မေလ ၉ ရက်၊ နံနက် ၉ နာရီအချိန်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာနေ ဦးထီ(၈၃)နှစ်သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာသို့ နွားဝယ်ရန် သွားရောက်စဉ် သက္ကယ်ကျင်းကျေးရွာ၏အနောက်ဘက်လမ်းမပေါ်အရောက် ၎င်းအနီးသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

Report Page