Myanmar Hard Talk
MHTNEWS❝PDF များ၏မိုင်းကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသည့်ဖြစ်စဥ်များ မြို့နယ်သုံးခုတွင်ဖြစ်ပွား❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟗》
PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသည့်ဖြစ်စဥ်များ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရေစကြိုမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်များမှာ မေလ ၈ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မင်းဘူးမြို့နယ်၊ လေးပင်ကျေးရွာနေ မောင်နန္ဒအောင် (ခ)နိုင်းနိုင်းအောင် (၁၉)နှစ်သည် လေးပင်ကျေးရွာ၏မြောက်ဘက် ၅ မိုင်ခန့်အကွာ ဒေသအခေါ် စစ်မြောင်တောအတွင်း ထင်းခုတ်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့ရာမှ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ကလည်း ရေစကြိုမြို့နယ်၊ ဆန်းသစ်ကျေးရွာနေ မောင်ဇင်မင်းနိုင် (၁၂)နှစ်၊ မောင်နိုင်မင်းအောင်(၁၂)နှစ်၊ မောင်ရဲထက်ဇော်(၁၁)နှစ်နှင့် မောင်ထက်မြတ်မင်း(၇)နှစ်တို့ လေးဦးသည် ဆန်းသစ်ကျေးရွာ၏အနောက်မြောက်ဘက် ၅ ဖာလုံခန့်အကွာ ကျေးရွာသင်္ချိုင်းအနီး ငှက်ပစ်နေစဉ် မောင်ဇင်မင်းနိုင်မှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးကိုနင်းမိကာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် မောင်ဇင်မင်းနိုင်(၁၂) နှစ်နှင့် မောင်ထက်မြတ်မင်း(၇) နှစ်တို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်နိုင်မင်းအောင်နှင့် မောင်ရဲထက်ဇော်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများကို ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌လည်း ထိုနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ရေဖြူကျေးရွာနေ ဒေါ်ကြူကြူ(၄၆)နှစ်သည် သမီးဖြစ်သူ မမိုးမိုးထက်(၁၂)နှစ်နှင့်အတူ ၎င်း၏ နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် ဒေါ်ကြူကြူမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မမိုးမိုးထက်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟုလည်း သိရသည်။