Myanmar Hard Talk
MHTNEWS❝ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ စစ်ကိုင်းမြို့တွင်တွေ့ဆုံ❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟖》
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ယနေ့ မေလ ၈ ရက်၊ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့်တို့အပါအဝင် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူ ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြသည်ဟုဆိုသည်။
အခမ်းအနားတွင် နိုင်ငံရေးအခင်းအကျင်းအသစ်နှင့် ထွန်းလင်းတောက်ပလာမည့် မြန်မာ့အနာဂတ် Video Click ကို ဖွင့်လှစ်ပြသပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြာကာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က လိုအပ်သည်များ ရှင်းလင်းတင်ပြသည်။
တင်ပြမှုများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍လည်း ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း ဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အသင်္ခယာရိပ်သာသို့ ရောက်ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးကိုလေးနှင့်တွေ့ဆုံးကာ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့သည်ဟုလည်း သိရသည်။