Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သား ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟔》


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တို့တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်များ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပျားသားချောင်းကျေးရွာနေ ဦးစောဆာဆေး(၄၅)နှစ်သည် မေလ ၅ ရက်၊ နံနက် ၈ နာရီအချိန်က ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ ဥယျာဉ်ခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။


အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မရိုးကုန်းကျေးရွာနေ ဦးဇော်လင်းအောင်(၄၃)နှစ်သည် ၎င်းကောက်ယူလာခဲ့သည့် သံတိုသံစများကို ရောင်းချရန် မေလ ၅ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် နေအိမ်၌ ထုခွဲနေစဉ် သံတိုသံစများအတွင်း ရောနှောပါလာသည့် ဗုံးသီးဟောင်းတစ်လုံးကို ထုရိုက်မိရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ကာ သေဆုံးသွားခဲ့သလို ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေသည့် တစ်ရွာတည်းနေ မောင်ဇွဲမောင်မောင်(၄)နှစ်တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသည်ဟုဆိုသည်။


ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်ကို စိစစ်ခဲ့ရာ မေလ ၅ ရက်၊ ညနေ ၅ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာနေ ကိုသန်းနိုင်ဦး(၂၆)နှစ်သည် ယာပြင်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ကြံခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်ထောင်ထားသည့် မိုင်းတစ်လုံကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Report Page