Myanmar Hard Talk
MHTNEWS❝သီလရှင်ဝတ်စုံဖြင့် ပြိုင်ပွဲဝင်ခဲ့သည့် တာချီလိတ်အလှမယ်ကို ပြိုင်ပွဲမှ ထုတ်ပယ်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙈𝘼𝙔~𝟓》
Miss Grand Myanmar အလှမယ်ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်ကို ပြိုင်ပွဲစည်းကမ်းအရ ၎င်းပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း Miss Grand Myanmar Organization က မေလ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အလှမယ်သည် ပြိုင်ပွဲဝင်မည့်ရက်မတိုင်ခင် Full Rehearsal နှစ်ကြိမ်လုံးတွင် ယခုလို လရှင်ဝတ်စုံဖြင့် သရုပ်ဆောင်မည့်အကြောင်း ကြိုတင်ပြသထားခြင်းမရှိသလိူ မည်သည့် Supervisor, Admin တာဝန်ရှိသူများကိုလည်း အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင် အကြောင်းကြားထားမှုမရှိကြောင်း Miss Grand Myanmar Organization က ဆိုထားသည်။
Miss Grand Myanmar Organization အနေဖြင့် မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအပေါ် အကြည်အညိုမဲ့စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များကို အသေးစိတ် မှာကြားခဲ့ပြီးဖြစ်သည်ဟု သိရသည်။
အလားတူ ပြိုင်ပွဲဝင်စာချုပ်ပါစည်းကမ်းတွင်လည်း “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဟု သတ်မှတ်ထားသဖြင့် ယခုအပြုအမူသည် မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။