Myanmar Hard Talk

Myanmar Hard Talk

MHTNEWS

❝ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်အားပေး❞


𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟏𝟒》


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၁၃ ရက်၊ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိရှိ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။


အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။


ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်သည့် ဇေယျာသီရိရှိ မြက်ခင်းပြင်သို့ရောက်ရှိရာ တပ်မတော်အရာရှိကြီးများနှင့် မိသားစုများက စံပယ်ပန်းကုံးကမ်း၍ အတာရေပက်ဖျန်းကာ ကြိုဆိုကြသည်။


ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ အနုပညာရှင်များက “နှစ်သစ်မင်္ဂလာ” သီချင်းဖြင့် သီဆိုမှုနှင့်အတူ ယိမ်းအဖွဲ့သမီးပျိုများက ကပြဖျော်ဖြေကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များအား အောင်သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးကြသည်။


ယင်းအခမ်းအနားသို့ တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာ အစားအစာများဖြင့် တည့်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။


ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်းရေကစားမဏ္ဍပ်၊ မန်ကျည်းရိပ်ရေကစားမဏ္ဍပ်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရေကစားမဏ္ဍပ်တို့၏ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကိုလည်း အသီးသီးသွားရောက်ဖွင့်လှစ်ပေးကြပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

Report Page