Myanmar Hard Talk
MHTNEWS❝သင်္ကြန်ကာလမှာ ထိုင်းရဲတွေ မြင်းလှည်းနဲ့ကင်းလှည့်ကြမယ်❞
𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙋𝙍~𝟏𝟎》
စက်သုံးဆီချွေတာတဲ့အနေနဲ့ ထိုင်းသင်္ကြန်(ဆုန်ခရမ်)ပွဲတော်ကာလအတွင်းမှာ ထိုင်းရဲတပ်ဖွဲ့ဝင်တွေဟာ မြင်းလှည်းနဲ့ကင်းလှည့်ကြမှာဖြစ်တယ်လို့ လမ်ပန်းရဲစခန်းရဲ့ ထုတ်ပြန်မှုကိုကိုးကားပြီး ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
မော်တော်ဆိုင်ကယ်ကင်းလှည့်အဖွဲ့ကို အားဖြည့်ဖို့အတွက် အဲဒီ မြင်းလှည်းကင်းလှည့်အဖွဲ့ကို ထိုင်းနိုင်ငံမြောက်ပိုင်း ၊ ချင်းမိုင်မြို့အနီးမှာရှိတဲ့ Lampang ခရိုင် ၊ လမ်ပန်း (Lampang) မြို့မှာကျင်းပမယ့် ထိုင်းသင်္ကြန်(ဆုန်ခရမ်)ပွဲတော်ကာလအတွင်း အသုံးပြုသွားမှာလို့ ဆိုပါတယ်။
အဲဒီ မြင်းလှည်းကင်းလှည့်အဖွဲ့အနေနဲ့ နေ့စဉ် လမ်ပန်းရဲစခန်းကနေ စတင်ထွက်ခွာပြီး ဖတ်သနာဖတ်နွန်တံတား (ဝမ်မြစ်ကူးတံတား)၊ ကြက်ရုပ်အဝိုင်း (Vongwian Kai) နဲ့ ကြိုးတံတား၊ ခွန်နခွန် (နာရီစင်ငါးလမ်းဆုံ)၊ ဘွန်ဝပ်လမ်း (Boonwat Road)၊ မြို့စောင့်နတ်နန်း (City Pillar Shrine) နဲ့ ကတ်ကောင်တ (Kad Kong Ta) လမ်းလျှောက်စျေးတို့မှာ ကင်းလှည့်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကနေ ရပ်သဒါတံတား (Ratsada Bridge) ကိုဖြတ်ကာ ဝပ်ဖရာကေအို (Wat Phra Kaew) ဘုရားသို့ သွားရောက်ပြီး ရဲစခန်းသို့ ပြန်လည်ဝင်ရောက် နားနေမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။